ထူးခြားမှူတွေနဲ့ ပြည့်နေတဲ့ပုဂံက စိမ်းညက်ညီအစ်မဘုရား

ထူးခြားမှူတွေနဲ့ပြည့်နေတဲ့ ပုဂံက စိမ်းညက်ညီအစ်မဘုရား

ပုဂံမှာ ၁၁ ရာစုလောက်က တည်ထားခဲ့ပြီး လှပသေသပ်တဲ့ ဗိသုကာ လက်ရာရှိပြီး ထည်ဝါတဲ့ ဂူဘုရားနဲ့စေတီဖြစ်ပေမဲ့ ဘာကြောင့်များ တိကျခိုင်မာတဲ့သမိုင်းကျောက်စာ မရှိခဲ့တာလဲဆိုတာ ခူချိန်ထိ ဘယ်သူမှ အဖြေရှာလို့ မရသေးဘူး။ ပါးစပ်ရာဇဝင်တွေတောင် သိပ်များများစားစားမရှိတဲ့ ဘုရားနှစ်ဆူ ။

ပါးစပ်ရာဇဝင်အရ …

(၁) စိမ်းညက်ဘုရင် တည်ထားခဲ့တဲ့ ဘုရားနစ်ဆူမလို့ စိမ်းညက်ညီမဘုရားလို့ခေါ်တွင်တယ်။

(၂) စိမ်းညက်မင်းသမီးနှစ်ပါးက မင်းသမီး အကြီးဟာ ၁၁ရာစုမှာ ဂူဘုရားတည်ထားပြီး ၁၂ ရာစုမှာ မင်းသမီးအငယ်က စေတီဘုရားကို ဂူဘုရားနောက်မှာတည်ထားခဲ့တယ် ။(ဒါပေမဲ့ ဗိသုကာလက်ရာတွေက ၁၃ ရာစု ယဉ်ကျေးမှု လက်ရာတွေ)

ဒါတွေကို ဘုရားက ပြန်ရောက်ပီး Googleမှာ ရှာကြည့်ခါမှ သိခဲ့ရ တာပါ ။ ဗိသုကာ လက်ရာတွေကတော့ မိန်းမတွေတည်တဲ့ဘုရားမှန်း သိပ်သိ သာပါတယ်။ ၂၁ ရာစုမှာ လူသိများပြီး ဧည့်တွေသိပ်စိတ်ဝင်စားပြီး ဧည့်လမ်းညွှန်တွေ ကိုယ်တိုင် recommendပေး အသွားလာ များခဲ့ပေမဲ့ ၂၀၁၃ လောက်မှာ စိမ်းညက်ညီမ ဘုရားဝန်းရဲ့ အနောက်ဖက် ထနောင်းပင်မှာ ဆယ်တန်းကျောင်းသားတဦး ဆွဲကြိုးချသေခဲ့တယ် အဲနောက်ပိုင်း စိတ္တဇ ဆန်ဆန်သေဆုံးမှုတွေဟာ ဆက်တိုက်ဆိုသလို ၁ဦး/၂ဦး ကနေ ၅ဦးအထိဖြစ်ခဲ့တယ်။

အဲဒီဖြစ်ရပ်တွေနောက်မှာ ပရလောကနဲ့ဆိုင်တဲ့ ခြောက်လန့်ခြင်းဖြစ်ရပ်တွေ ခရီးသွား ဘုရားဖူးတွေ ကြုံမြင်ရကြားရတဲ့ ပါးစပ်ဇာတ်လမ်းတွေ အများကြီးပေါ်ထွက်လာတာကနေစပြီးစိမ်းညက်ညီမ ဘုရားဆိုရင် မသွားကြတော့တာ မဖြတ်ကြတော့တာ ရှေ့ကနေဖြတ်သွားတောင် မဝင်မိကြဘဲ ဘုရားကိုကျော်သွားတာတွေ ဖြစ်လာတော့တာပါပဲ။

တကယ်ကို လျှို့ဝှက်ဆန်းကျယ် ဖြစ်ရပ်တွေ ရှိကောင်းရှိခဲ့ လိမ့်မယ် ။ ဒါပေမဲ့ ကြောက်စရာ လန့်စရာတော့ မကောင်းပါဘူး လူတွေက စိတ်အထင်နဲ့ကြောက်နေကြတာပါ ။ ကျွန်တော်ကတော့ မနက်စောစော ၆ နာရီလောက်အ လိုတော်ပြည့်ဘုရားကို အရင်ဝင်ပြီး ဇွန်ပန်းဝယ်တယ် ပြီးမှစိမ်းညက်ညီဘုရားကို သွားခဲ့တယ်။

ဂူဘုရားကတော့ ကျတော်ကိုယ်တိုင် ဝင်ခြင်တဲ့စိတ် လုံးဝကိုမရှ်ခဲ့ဘူး ။ဘုရား ဝန်းထဲရောက်နေပြီ ။ ဂူဘုရားထဲကိုဝင်ဖို့ကို မဝင်ဖြစ်ဘဲကျော်ပြီး ဂူဘုရားနောက်မှာရှိတဲ့ စိမ်းညက်ညီမ စေတီကိုအရင်သွားခဲ့တယ် စေတီကို ပတ်ကြည့်ခဲ့ချိန်မှာလဲ ခြေဖဝါးကို ဆူးတွေ ၃ ချက်လောက် ဆူးပြီး သွေးပါထွက်တယ် ။

ဝယ်လာတဲ့ ဇွန်ပန်း (၃) ကုံးကိုလဲ ဂူဘုရားထဲက ဆင်းတုတော်အတွက်တကုံးကို ကျတော်နဲ့တူတူပါလာတဲ့ ညီလေးကို ဝင်လှူခိုင်း လိုက်တယ် ကျတော်က စေတီရဲ့ပစ္စယံမှာ အမတွက် တကုံး ညီမတွက် တကုံးဆိုပြီးချိတ်ခဲ့တယ် အပေါ်ထိ တတ်ချိတ်ပြီး အောက်အဆင်း သေချာချိတ်ခဲ့တဲ့ အမအတွက်ဇွန်ပန်းတကုံးက လေမတိုက်ဘဲ ပြုတ်ကျသွားတယ် ။

ကဲထားပါလေဆိုပြီး ပဌာန်းရွတ်မယ်ဆိုပြီး နတ်တွေပင့်ဖိတ့်ပြီး စိမ်းညက်ညီမ မင်းသမီးနစ်ပါးကိုပင့်ဖိတ်ချိန် ကျီးကန်းတွေက စေတီထိပ်ပိုင်းမှာအများကြီးအုံပြီး ပျံဝဲလာတာတခုတော့ ထူးခြားတယ် ။ ပဌာန်းရွတ်နေရင်း ပုရေဇာတပစ္စယောမှာ ခေါင်းပေါ်ကို ပျံနေတဲ့ငှက်က ချီးပါချတယ် ။ပဌာန်းရွတ်ဖတ်အမျှဝေခါနီးမှာ မျက်စိမှိတ်အာရုံပြုလိုက်ချိန်မှာ သိပ်လှတဲ့အမျိုးသမီး၂ယောက်ရယ် ကျတော့်ညီမလေးရယ် တခြားပုံစံတူမိန်းကလေးတွေ ၇ယောက်က ကျတော့်ကိုလက်အုပ်ချီပြီး ဝိုင်းကြည့်နေတာမြင်လိုက်ရတယ် ။

လူတွေထင်သလို ကြောက်စရာ လန့်စရာတခုမှ မမြင်ရမသိရပါဘူး အရာအားလုံးအေးဆေးပါဘဲ ။ တစ်ခုတော့ သတိထားမိတာ ကုသိုလ်ကောင်းမှုနည်းတဲ့သူတွေကတော့ စိမ်းညက်ညီမဘုရားကို ဖူးခြင်စိတ်မဖြစ်ဘဲ ဘုရားရှေ့ကနေဖြတ်ကျော်သွားပါလိမ့်မယ်။ အမျိုးသမီးတွေဟာလဲ စိမ်းညက်ညီမဆိုတော့ ဥစ္စာစောင့်အဆက်ဘာညာထင်ပြီးလန့်တတ်ကြောက်တတ်ကြပါလိမ့်မယ် ။တကယ်လဲဟုတ်ပါတယ် ။အဲဒီဘုရားဟာ ဘုမ္မိယတွေပျော်တဲ့နေရာ ဘုရားတွင်းမှာပစ္စည်းဥစ္စာတွေများစွာရှိနေပါတယ်။

ထိုမင်းသမီးနစ်ဦးဟာလဲ မည်သို့မည်ပုံကြောင့်သေဆုံးရခြင်း ဤဘုရားတည်ခဲ့ရခြင်းအကြောင်းတွေကို ခုထိ မည်သူမှ မသိကြပါဘူး ထူးဆန်းတာတွေတော့တကယ်ရှိပါတယ် ဘုရားကိုလွယ်လွယ်နဲ့ဖူးလို့မရတာတော့ အသေအချာပါဘဲ။ဘာမှကြောက်စရာမလိုဘဲ စိမ်းညက်ညီမဖုရားကိုရအောင်သွားပါ ဗိသုကာလက်ရာတွေလေ့လာပါ သိပ်ကိုလှပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ် ရေးသားသူ- AungPyaeSonePhyo

Add a Comment

Your email address will not be published. Required fields are marked *