Unicode … တိုက်တန်းနစ် သင်္ဘောထက် ပေ ၃၀၀ ခန့်ပိုရှည်တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး ပင်လယ်ကူး အပျော်စီးသင်္ဘောကြီး Allure of the Seas
ဒီသင်္ဘောကြီးကို ပြင်သစ်နိုင်ငံမှာ ၂၀၀၆ ခုနှစ်က စတင် တည်ဆောက် ခဲ့ပြီး Royal Caribbean Cruises Ltd က တာဝန်ယူ တည်ဆောက် ခဲ့တာပဲ ဖြစ်ပါတယ်။
အရှည် ပေ ၁၁၈၇ ရှိပြီး ဒါဟာ အီဖယ် တာဝါထက် ၁၂၄ ပေ ပို ရှည်ပြီး တိုက်တန်းနစ် သင်္ဘောထက် ပေပေါင်း ၃၀၀ ကျော် ပိုရှည်ပါတယ်။ စုစုပေါင်း ကုန်ကျငွေ ၁.၂ ဘီလီယံ ကုန်ကျ ခဲ့ပါတယ်။
ဒီသင်္ဘောကြီးပေါ်မှာ သစ်ပင် စုစုပေါင်း ၁ သောင်းကျော်ကို စိုက်ပျိုးထားပြီး၊ အထပ်ပေါင်း ၁၈ ထပ် ၊ စားသောက်ဆိုင် ၁၆ ဆိုင် ၊ ကော်ဖီဆိုင်နဲ့ဈေး၀ ယ် စင်တာ များအပြင် ၊ အပန်းဖြေ ကစားကွင်းတွေလည်း ပါရှိပါတယ်။ ထိုင်ခုံပေါင်း ၁၃၈၀ ပါဝင်တဲ့ ခန်းမလည်းရှိပါတယ်။ ခရီးသည်စုစုပေါင်း ၆၂၉၆ ဦး လိုက်ပါ စီးနင်းနိုင်တဲ့ သင်္ဘောကြီး ဖြစ်ပါတယ်။ ကျယ်ဝန်း လွန်းတာကြောင့် ကိုယ့် အခန်းကို လိုက်ရှာဖို့ GPS ကို သုံးရတယ်လို့ ဆိုကြပါတယ်။ Crd ; သုတဇုန်
Add a Comment
Your email address will not be published. Required fields are marked *