သီေပါမင္း ပါေတာ္မူခ်ိန္မွာ ၀မ္းနည္းပက္လက္ အျဖစ္ဆုံး အမ်ိဳးသမီးတစ္ဦး

သီေပါမင္း ပါေတာ္မူခ်ိန္မွာ ၀မ္းနည္းပက္လက္ အျဖစ္ဆုံး အမ်ိဳးသမီးတစ္ဦး

သီေပါမင္း ပါေတာ္မူခ်ိန္မွာ ၀မ္းနည္း ပက္လက္အျဖစ္ဆုံး အမ်ိဳးသမီး တစ္ေယာက္ ရွိခဲ့တယ္ ။ သူ႔နာမည္က မအုံတဲ့ ။ ခုံစာေရး ေမာင္ဦးရဲ့ သမီး။အရွင္ႏွစ္ပါး ပါေတာ္မူခ်ိန္ မႏၲေလးကသာမန္ ျပည္သူေတြထဲမွာ ၀မ္းအနည္းဆုံးက မအုံ ပဲ ျဖစ္လိမ့္မယ္။

ဘာလို့လဲဆိုေတာ့ သီေပါမင္း လက္ထက္ အေနာက္တိုင္း ေလာ္ထရီ စနစ္ထီဖြင့္ေတာ့ မအုံ က အျမင့္ဆုံး ဆုျဖစ္တဲ့ ငါးေသာင္း ဆုေပါက္တယ္။ အဲ့ဒီေခတ္က ေငြငါးေသာင္းက အခုေခတ္ သိန္း တစ္ေသာင္းခြဲလိုပဲ။ ထီေပါက္တာနဲ႔ သူႂကြယ္ဘြဲ႕ ခံနိုင္တဲ့ ပမာဏ။

ခက္တာက ထီေပါက္တာနဲ႔ မအုံချမာ ေငြ ၁၄၁၈၉ က်ပ္ပဲရရွာတယ္။က်န္ေငြကို နိုင္ငံေတာ္က ေခ်းငွားသည္ ဆိုၿပီး မေပးဘူး ။ ကဲ အဲ့ဒီအခ်ိန္ သီေပါမင္းပါေတာ္မူေတာ့ မအုံမွ၀မ္းမနည္း ဘယ္သူ ၀မ္းနည္းမလဲ။

ပါေတာ္မမူခင္တုန္းကလည္း ဘုရင္ဆိုေတာ့ ဟဲ့ … ငါ့အေႂကြးေပးဦး မေပးရင္ ဖိုးတြမ္တီးနဲ႔ တရားစြဲမယ္လို့ သြားေျပာရင္ ဇက္ျဖတ္ခံရမွာ ။ အခု က်ျပန္ေတာ့လည္း သူတို့ဟာ သူတို့ေတာင္ အိႏၵိယ ကို ပို့ခံရခါနီး ဗီဒိုလွည္းနားကပ္ၿပီး အေႂကြးေလးေတာ့ ဆပ္သြားပါ .. အရွင္ႏွစ္ပါးဆိုၿပီး သြားေျပာလို့မရ။

မအုံ မွ မငိုဘယ္သူ ငိုေတာ့မလဲ။ ေအာင္မယ္ … မအုံ ကလည္း ေခသူမဟုတ္ဘူး။ သူ႔ ထီေပါက္ေငြကို ေနာက္ အစိုးရျဖစ္တဲ့ အဂၤလိပ္ အစိုးရ ဆီ ေတာင္းေသးတယ္ ။ အဂၤလိပ္ေတြ က မေပးပါဘူး။ သူတို့ဘက္ကလည္း စဥ္းစားၾကည့္။ ျမတ္ခ်င္လို့ သူမ်ားနိုင္ငံ စစ္တိုက္ သိမ္းယူ ပါတယ္ဆိုမွ ဘုရင့္ ေသာက္ေႂကြးက ဆပ္ေပးရဦးမယ္ဆို ဘယ္ကိုက္ မလဲဗ်ာ.. ေနာ့။

ခုလည္း ထီထိုးမယ့္သူေတြ စဥ္းစားေပါ့ ။ ထီေပါက္ရင္ ထီေပါက္တဲ့ေငြ အကုန္ တခါတည္းထုတ္ေပးတာ မဟုတ္ဘူးဆိုေတာ့ မအလေတြ ျပဳတ္လို့ ဆင္းေျပးရရင္ မအုံလို ျဖစ္ေနမယ္။ Ref … မၾကန္ ၊ကုန္းေဘာင္ေခတ္ ထီ

Unicode  … သီပေါမင်း ပါတော်မူချိန်မှဝမ်းနည်းပက်လက် အဖြစ်ဆုံး အမျိုးသမီးတစ်ဦး

သီပေါမင်း ပါတော်မူချိန်မှာ ဝမ်းနည်း ပက်လက်အဖြစ်ဆုံး အမျိုးသမီး တစ်ယောက် ရှိခဲ့တယ် ။ သူ့နာမည်က မအုံတဲ့ ။ ခုံစာရေး မောင်ဦးရဲ့ သမီး။အရှင်နှစ်ပါး ပါတော်မူချိန် မန္တလေးကသာမန် ပြည်သူတွေထဲမှာ ဝမ်းအနည်းဆုံးက မအုံ ပဲ ဖြစ်လိမ့်မယ်။

ဘာလို့လဲဆိုတော့ သီပေါမင်း လက်ထက် အနောက်တိုင်း လော်ထရီ စနစ်ထီဖွင့်တော့ မအုံ က အမြင့်ဆုံး ဆုဖြစ်တဲ့ ငါးသောင်း ဆုပေါက်တယ်။ အဲ့ဒီခေတ်က ငွေငါးသောင်းက အခုခေတ် သိန်း တစ်သောင်းခွဲလိုပဲ။ ထီပေါက်တာနဲ့ သူကြွယ်ဘွဲ့ ခံနိုင်တဲ့ ပမာဏ။

ခက်တာက ထီပေါက်တာနဲ့ မအုံခမြာ ငွေ ၁၄၁၈၉ ကျပ်ပဲရရှာတယ်။ကျန်ငွေကို နိုင်ငံတော်က ချေးငှားသည် ဆိုပြီး မပေးဘူး ။ ကဲ အဲ့ဒီအချိန် သီပေါမင်းပါတော်မူတော့ မအုံမှဝမ်းမနည်း ဘယ်သူ ဝမ်းနည်းမလဲ။

ပါတော်မမူခင်တုန်းကလည်း ဘုရင်ဆိုတော့ ဟဲ့ … ငါ့အကြွေးပေးဦး မပေးရင် ဖိုးတွမ်တီးနဲ့ တရားစွဲမယ်လို့ သွားပြောရင် ဇက်ဖြတ်ခံရမှာ ။ အခု ကျပြန်တော့လည်း သူတို့ဟာ သူတို့တောင် အိန္ဒိယ ကို ပို့ခံရခါနီး ဗီဒိုလှည်းနားကပ်ပြီး အကြွေးလေးတော့ ဆပ်သွားပါ .. အရှင်နှစ်ပါးဆိုပြီး သွားပြောလို့မရ။

မအုံ မှ မငိုဘယ်သူ ငိုတော့မလဲ။ အောင်မယ် … မအုံ ကလည်း ခေသူမဟုတ်ဘူး။ သူ့ ထီပေါက်ငွေကို နောက် အစိုးရဖြစ်တဲ့ အင်္ဂလိပ် အစိုးရ ဆီ တောင်းသေးတယ် ။ အင်္ဂလိပ်တွေ က မပေးပါဘူး။ သူတို့ဘက်ကလည်း စဉ်းစားကြည့်။ မြတ်ချင်လို့ သူများနိုင်ငံ စစ်တိုက် သိမ်းယူ ပါတယ်ဆိုမှ ဘုရင့် သောက်ကြွေးက ဆပ်ပေးရဦးမယ်ဆို ဘယ်ကိုက် မလဲဗျာ.. နော့။

ခုလည်း ထီထိုးမယ့်သူတွေ စဉ်းစားပေါ့ ။ ထီပေါက်ရင် ထီပေါက်တဲ့ငွေ အကုန် တခါတည်းထုတ်ပေးတာ မဟုတ်ဘူးဆိုတော့ မအလတွေ ပြုတ်လို့ ဆင်းပြေးရရင် မအုံလို ဖြစ်နေမယ်။ Ref … မကြန် ၊ကုန်းဘောင်ခေတ် ထီ

Add a Comment

Your email address will not be published. Required fields are marked *