Unicode … နှစ်ပေါင်း ၁၆၀၀ကျော် သက်တမ်းရှိ ဗုဒ္ဓ ရုပ်ပွားတော်
ဒီဗုဒ္ဓ ရုပ်ပွားတော်ကို ၂၀၁၂ ခုနှစ်တုန်းက အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်ရဲ့ အရှေ့ တောင်ဘက် ၄၀ ကီလိုမီတာ အကွာမှာရှိတဲ့ Mes Aynak ဒေသကနေ တူးဖော်ရရှိ ခဲ့တာပါ။
တရုတ် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုက ကြေးနီသတ္တုတွင်းအတွက် တူးဖော်စဉ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရှေးဟောင်းဘုန်းကြီးကျောင်းရဲ့ နယ်မြေထဲက နေတူးဖော်ရရှိခဲ့တာဖြစ်ပြီး တူးဖော် ရရှိခဲ့သမျှ ရုပ်ပွားတော်တွေ ထဲမှာ ရှားရှားပါးပါး အကောင်း ပကတိ နီးပါး ရှိတဲ့ ရုပ်ပွားတော် ဖြစ်ပါတယ်။
တချိန်က ဗုဒ္ဓဘာသာ တိုင်းကြီးတစ်တိုင်းဖြစ်တဲ့ ဂန္ဓာရ တိုင်းထဲမှာ ပါဝင်ခဲ့တဲ့ ဒီနေရာမှာ ဗုဒ္ဓဘာသာ အလွန်ထွန်းကား ခဲ့ဖူးပါတယ်။ ဒီရုပ်ပွားတော်ကိုတော့ အေဒီ ၃ ရာစု နဲ့ ၅ ရာစုကြား ကာလမှာ ထု လုပ်ခဲ့တာ ဖြစ်တာကြောင့် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၆၀၀ခန့် ရှိနေပါပြီ။ လက်ရှိမှာတော့ ဒီရုပ်ပွား တော်ကို ကာဘူးလ် ပြတိုက်မှာ ထိမ်းသိမ်းပြသ ထားပါတယ်။ Crd
Add a Comment
Your email address will not be published. Required fields are marked *