အလှူငွေတွေကို လိမ်ဖို့ကြိုးစားနေတဲ့သူတွေကို ဒူးထောက်ပြီး တောင်းပန်ပါတယ်ဆိုတဲ့ အိစိကွေး

အလှူငွေတွေကို လိမ်ဖို့ကြိုးစားနေတဲ့သူတွေကို ဒူးထောက်ပြီး တောင်းပန်ပါတယ်ဆိုတဲ့ အိစိကွေး

သရုပ်ဆောင် အိစိကွေးက လတ်တလောမှာ အခက် အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် သူကိုယ်တိုင် အလှူတွေခံပြီး ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီ ပေးနေတာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာ အလှူငွေ တွေကို လိမ်ဖို့ကြိုးစားနေတဲ့သူတွေကို ဒူးထောက်ပြီး တောင်းပန်ပါတယ်ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စ် စာမျက် နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ ငွေတွေလိမ်ဖို့ မကြိုးစားကြပါနဲ့ဗျာ … လူတိုင်း ခက်ခဲနေတာပါ … အဆင်မပြေတဲ့ ကြားက လှူခဲ့ကြတဲ့ အလှူငွေလေးတွေ ကို မျက်စောင်းမထိုးကြပါနဲ့ဗျာ … ယုတ်မာပြီး ခိုးနေတဲ့သူတွေဆီသာ သွားလိမ်ကြပါ မေတ္တာ ရပ်ခံပါတယ် ဗျာ 🙏🏻 ဒူးထောက်ပြီး တောင်းပန် ပါတယ်ဗျာ 🙏🏻

ပြီးတော့ ရင်းနှီးတဲ့အသိတွေက ဘဏ်ဝန်ထမ်းတွေမို့ သူတို့ကို မေးမေးပြီးမှ ပြန်ပြောနေတာမို့လို့ မကြိုးစားကြပါနဲ့တော့ နော် 😞 လှူထားတဲ့ အလှူငွေတွေ အကုန် Safe ဖြစ်ပါတယ် အလှူရှင်တွေလည်း မစိုးရိမ်ပါနဲ့ လှူလို့ရ ပါတယ်။ အကုန် Welcome ပါဗျာ” လို့ ရေးသား ထားပါတယ်။ Crd

Add a Comment

Your email address will not be published. Required fields are marked *