လေဘာတီရုပ်ထုထက် ၃ဆပိုရှည်တဲ့ အိမ်သာသုံးစက္ကူလိပ်ကို ဖန်တီးရောင်းချခဲ့တဲ့ ဂျပန်ကုမ္ပဏီ

လေဘာတီရုပ်ထုထက် ၃ဆပိုရှည်တဲ့ အိမ်သာသုံးစက္ကူလိပ်ကို ဖန်တီးရောင်းချခဲ့တဲ့ ဂျပန်ကုမ္ပဏီ

ပြီးခဲ့တဲ့နှစ် မတိုင်ခင်ကအထိ အိမ်သာသုံးစက္ကူတွေဟာ တော်တော်လေးကိုအရေးပါလာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ် ထားခဲ့ခြင်းမရှိပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်လာခဲ့ ချိန်မှာတော့ နိုင်ငံအများအပြားမှာ အိမ်သာသုံးစက္ကူဝယ်လိုအားတွေ မြင့်တက်ခဲ့ပြီး ဈေးကွက် ပစ္စည်းပြတ်တဲ့အထိ ရောင်းချခဲ့ရပါတယ်။ သြစတြေးလျကော်ဖီဆိုင် တစ်ဆိုင်ဆိုရင် အိမ်သာသုံး စက္ကူတွေကို ငွေစက္ကူလိုမျိုးတောင်မှ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

အိမ်သာသုံးစက္ကူ လိုအပ်ချက်ကာလတွေ အပြီးမှာတော့ ကပ်ရောဂါ အခြေအ နေက ဆိုးရွားလှတဲ့ ရေချိုးခန်းတွေကို အဆင့်မြှင့် တင်ပေးနိုင်မယ့်ကုန်ပစ္စည်း သစ်တွေကို ထပ်မံပြီး အားဖြည့်ပေးခဲ့ပါတယ်။ ဒီထဲမှာမှ ရှည်လျားတဲ့အိမ်သာသုံးစက္ကူလိပ်တွေကို တီထွင်မှုလည်း ပါဝင်ခဲ့ပြီး အခုဆိုရင် ဂျပန်အိမ်သာသုံးစက္ကူထုတ်လုပ်တဲ့ Marutomi Seishi က မီတာ၃၀၀အထိ ရှည်တဲ့ စက္ကူလိပ်တွေကို ပြီးခဲ့တဲ့လက ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

ပျမ်းမျှစက္ကူလိပ်တွေထက် ၆ ဆ အထိ ပိုရှည်လျားပြီးတော့ အမေရိကန်က နာမည်ကျော်လေဘာတီရုပ်ထုကြီးရဲ့အရှည် ၃ ဆ လောက်ရှိတယ်လို့ Vice က ဖော်ပြခဲ့ပါတယ်။ ဒီစက္ကူလိပ်ကို အဲဒီလောက်ထိရှည်လျားအောင် ပြုလုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ စူပါမားကတ်တွေကို ခဏခဏသွားပြီး ဝယ်နေရတာကို လျှော့ချဖို့ဖြစ်တယ်လို့ Marutomi Seishi ရဲ့ ဈေးကွက်ရှာဖွေရေးဒုတိယအကြီးအကဲဖြစ်သူက ပြောခဲ့ပါတယ်။

“ဖောက်သည်တွေ ခဏခဏဈေးဝယ်ထွက်ရလို့ စိတ်ညစ်နေတာကို လျှော့ချပေးချင်ခဲ့တာပါ” လို့ သူမက ဆိုပါတယ်။ ဂျပန်မှာ ကိုဗစ်ကြောင့် အရေးပေါ်အခြေအနေကြေညာထားမှုကို သက်တမ်းထပ်တိုးခဲ့တဲ့နောက် လူအများအပြားက သူတို့ရဲ့နေအိမ်တွေမှာပဲ အချိန်ကုန်ဆုံးနေရလို့ အိမ်သာသုံးစက္ကူလိပ်တွေက အလျင်အမြန်ကုန်ဆုံးနေတယ်လို့ သူမက ရှင်းပြပါတယ်။

ဒါပေမယ့် ဒီလောက်ရှည်လျားတဲ့စက္ကူလိပ်ကို ထုတ်လုပ်ဖို့ကတော့ စမ်းသပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ သာမာန်စက္ကူလိပ်တွေလိုပဲ ကျစ်လစ်ပျော့ပျောင်းတဲ့စက္ကူကို ဖန်တီးဖို့က စိန်ခေါ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ Marutomi Seishi က အချင်း ၁၂.၅ စင်တီမီတာရှိပြီး ၃၀၀ မီတာရှည်တဲ့ စက္ကူလိပ်ကို ပြုလုပ်ခဲ့ပြီး ပျမ်းမျှထက်ပိုကြီးခဲ့ပေမယ့် ပုံမှန်ရေချိုးခန်းတွေထဲမှာ ထည့်ထားဖို့တော့ အဆင်ပြေမှာမဟုတ်ဘူးလို့ သိရပါတယ်။

” အဲလောက်အရှည်ကတော့ ဘယ်နေရာမှာဖြစ်ဖြစ် အဆင်ပြေမှာမဟုတ်ဘူ” လို့ Ochiai က ဆိုပါတယ်။ အသက် ၅၀ အရွယ် အမျိုး သမီးကြီး Yuriko Sato ကတော့ ဒီလိုဖန် တီးပေးတာကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ခဏခဏ သွားဝယ်စရာ မလိုတော့တာကြောင့် ဖြစ်တယ်လို့ဆိုပြီး အလယ်အူတိုင် မပါတာကြောင့် စက္ကူ ပိုများလာပြီး လွှင့်ပစ်စရာလည်း နည်းသွားတယ်လို့ သူမက ဆိုပါတယ်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *