အချစ်ကိုစမ်းသပ်ဖို့ လက်ထိပ်ခတ်ကာနေခဲ့ကြပြီ ၁၂၃ ရက်အကြာမှာပဲ အဆုံးသတ်သွားခဲ့ရတဲ့စုံတွဲ

အချစ်ကိုစမ်းသပ်ဖို့ လက်ထိပ်ခတ်ကာနေခဲ့ကြပြီ ၁၂၃ ရက်အကြာမှာပဲ အဆုံးသတ်သွားခဲ့ရတဲ့စုံတွဲ

ဒီနှစ်ရဲ့ ဗယ်လင်တိုင်းဒေး (ချစ်သူများနေ့) က ယူကရိန်းက ချစ်သူစုံတွဲတစ်တွဲဟာ သူတို့ရဲ့ချစ်ခြင်း မေတ္တာတွေကို အတူတကွ သက်သေပြဖို့ အတွက် စဉ်းစားခဲ့ ကြပါတယ်။ သူတို့နှစ်ဦးကြားမှာ ဘာအကြောင်းနဲ့မှ မပြိုကွဲနိုင်ဘူးလို့ ထင်ခဲ့ကြပြီး သူတို့အလေးအနက် ထားတယ်ဆိုတာကို ပြသဖို့အတွက် တစ်ယောက် လက်တစ်ဖက်စီနဲ့ လက်ထိပ်ခတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Viktoria Pustovitova နဲ့ Alexander Kudlay တို့ဟာ ချစ်သူများနေ့မှာ အဲဒီလိုပြုလုပ် ခဲ့ကြပေမယ့် ရက်ပေါင်း ၁၂၃ ရက်အကြာမှာတော့ လက်ထိတ်ခတ် ထားတာကို ပြန်ဖြုတ်ခဲ့ကြရပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လေးနက်မှုရှိတယ်လို့ ထင်မှတ်ခဲ့တဲ့အတွဲဟာ ၄ လ နီးပါးအကြာမှာတော့ ချည်နှောင်ထားမှုတွေကို အဆုံးသတ် ခဲ့ကြတာလည်းဖ်ြစပါတယ်။ သူတို့နှစ်ဦးကို ချည်နှောင်ထားတဲ့ လက်ထိပ်သံကြိုးကို ဖြတ်ဖို့အတွက်တောင် အကူအညီတောင်းခဲ့ရပြီး စက်မှုသုံး Cutter နဲ့ ဖြတ်တောက်ခဲ့ကြပါတယ်။

သံကြိုးပြတ်သွားချိန်မှာတော့ မိန်းကလေးဖြစ်သူ Viktoria Pustovitova က ‘ဟူး.. ရေး’လို့ အော်ဟစ်ခဲ့ပြီး ” ကျွန်မဘဝကို ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ပဲ နေချင်တယ်၊ လွတ်လပ်တဲ့လူသားတစ်ဦးအဖြစ်နဲ့ ရှင်သန်ချင်တယ်၊ နောက်ဆုံးတော့ ကျွန်မလွတ်မြောက်ခဲ့ပါပြီ” လို့ ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစပြီး လက်ထိပ်သံကြိုးနဲ့သာ အတူတူရှိနေခဲ့ကြပြီး စားသောက်ချိန်၊ ကော်ဖီသောက်ချိန်တွေမှာလည်း တပူးပူးတတွဲတွဲဖြစ်နေခဲ့ကြပါတယ်။

လက်ထိပ်ခတ်ဖို့စိတ်ကူးကိုစတင်ခဲ့တဲ့ Pustovitova က “ဒါက ကျွန်မတို့အတွက်တော့ သင်ခန်းစာပါပဲ၊ တခြား ယူကရိန်းအတွဲတွေနဲ့ ကမ္ဘာအရပ်ရပ်က အတွဲတွေလည်း ကျွန်မတို့လုပ်ခဲ့သလို မလုပ်ကြပါနဲ့” လို့ Reuters နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူမက ပြောခဲ့ပါတယ်။

” ကျွန်တော်တို့က တူညီတဲ့အနေအထားတွေမှာ မရှိပါဘူး၊ လုံးဝကွဲပြားခြားနားပါတယ်” ကားအဟောင်း ရောင်းဝယ်ရေး သမား Kudlay က ဆိုပါတယ်။ သူတို့နှစ်ဦးဟာ အဆိုပါ လက်ထိပ်သံကြိုးကို အွန်လိုင်းကတဆင့် လေလံတင်ရောင်းချဖို့ စီစဉ်ထားပြီး ရရှိလာမယ့်ငွေကြေးကိုတော့ လူမှုပရဟိတအဖွဲ့တွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

လေးလနီးပါးကြာ မခွဲမခွာ အတူတူ ရှိနေခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ တစ်ဦးအကြောင်းတစ်ဦး ပိုသိခဲ့ရသလို လွတ်လပ်မှုရဲ့အရသာကိုလည်း လွမ်းဆွတ်ခဲ့ကြဖွယ်ရှိပါတယ်။ ယူကရိန်းနိုင်ငံရဲ့ အမျိုးသားမှတ်တမ်း ကောက်ယူရေးအဖွဲ့အစည်းကတော့ သူတို့နှစ်ဦးဟာ အခြားသူတစ်ဦးနဲ့အတူ လက်ထိပ်နဲ့အချိန်အကြာဆုံးရှိနေခဲ့သူတွေအဖြစ် စံချိန်တင်နိုင်ခဲ့တယ်လို့ အတည်ပြုဖော်ပြခဲ့ကြောင်းလည်း သိရပါတယ်။ ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *