မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ကင်းမရွာကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး
Unicode … ကင်းမရွာကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး လိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး
ဖေ့ဘုတ်ဆယ်လီ တစ်ယောက်အနေနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တဲ့ ဖြူဖြူထွေးကတော့ ပရိသတ်တွေ ရီမောပျော်ရွှင်စေဖို့ ဟာသ ဗီဒီယိုတွေရိုတ်ကူးခဲ့ပြီး အောင်မြင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ် ။ ဒါအပြင် ဖြူဖြူထွေးက ပရဟိတစိတ် ပြင်းထန်ပြီ လိုအပ်တဲ့ နေရာတွေကို တတ်နိုင် သလောက် လှူဒါန်းမှုတွေ တောက်လျောက် ပြုလုပ် ပေးနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မီးရှို့ဖျက်စီးမှု ခံရတာကြောင့် တစ်ရွာလုံး မီးလောင်ပြာကျခဲ့ရတဲ့ ကင်းမရွာကတော့ လက်ရှိ အခြေ အနေတွေမှာ အကူအညီတွေတော်တော်များများ လိုအပ်နေတာ ဖြစ်ပါတယ် ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် ပရဟိတ အဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေက အကူအညီပေးနိုင်ဖို့ လုပ်ဆောင်နေကြပြီး ဆယ်လီ ဖြူဖြူထွေးကလည်းသူ့ရဲ့ အဖွဲ့သားတွေနဲ့အတူ ကင်းမရွာကို ကိုယ်တိုင်သွားရောက် ခဲ့ပါတယ်။
လတ်တလော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ ဖြူဖြူထွေးကအပေါ်ယံသာပါဝင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှူခံနေရတာလည်း ဖြစ်ပါတယ်။ဆိုရှယ် မီဒီယာပေါ်မှာ အချိန်တော်ကြာ ပျောက်နေပြီး နောက်ပိုင်းမှာ အလှုတွေပြုလုပ်ပြီး ပြန်ပေါ်လာခဲ့တာဘဲ ဖစ်ပါတယ် ။ တကယ်လိုအပ်နေတဲ့ နေရာလေးကို သွားရောက် လှူဒါန်းတဲ့ ဖြူဖြူထွေးရဲ့ အလှူလေးကို သာဓုခေါ်ပေးပါဦး။ crd
Tags:
Add a Comment
Your email address will not be published. Required fields are marked *