ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူများကို ထောင်ဒဏ်ချမှတ်မည်ဟု ခြိမ်းခြောက်ပြောဆိုလိုက်တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

ကိုဗစ်ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူများကို ထောင်ဒဏ်ချမှတ်မည်ဟု ခြိမ်းခြောက်ပြောဆိုလိုက်တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ကိုဗစ် ကာကွယ်ဆေး ထိုးဖို့ ငြင်းဆန်တဲ့သူ့ နိုင်ငံသားတွေကို ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ပြီး အရေးယူသွားမယ်လို့ ခြိမ်းခြောက် ပြောကြား လိုက်ကြောင်း သိရှိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ကိုဗစ် ကူးစက်မှုနဲ့ ကိုဗစ်ကြောင့် လူသေမှုတို့ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ အာရှ နိုင်ငံတွေထဲမှာ တစ်နိုင်ငံ အပါအဝင်ဖြစ်ပြီး လက်ရှိ ထုတ်ပြန်ထားတဲ့ စာရင်းကိန်းညွှန်းတွေအရ ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်ကူးစက်သူ အရေအတွက် ၁ ဒသမ ၃ သန်း၊ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ၂၃,၀၀၀ ရှိသွားခဲ့ပြီလို့ သိရှိရပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ သတ်မှတ်ပေးထားတဲ့ နေရာတွေဆီကို လာရောက်ပြီး ကာကွယ်ဆေးထိုးတဲ့သူ အရေအတွက် နည်းပါးနေကြောင်း အစီရင်ခံစာထွက်ပေါ် လာအပြီးမှာ နိုင်ငံပိုင် ရုပ်မြင်သံကြား ကတစ်ဆင့် သမ္မတ ဒူတာတေး က မိန့်ခွန်းပြောကြားလိုက်ပြီး အဲ့ဒီမေးခွန်းထဲမှာ ကာကွယ်ဆေးထိုးမလား ဒါမှမဟုတ် ထောင်ထဲကို သွားမလားလို့ သမ္မတ ဒူတာတေး က ပွင့်ပွင့် လင်းလင်းပဲ မေးခွန်းထုတ် သွားခဲ့ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေကတော့ သမ္မတဒူတာတေးရဲ့ မိန့်ခွန်းပြောကြားမှုဟာ လူအများအပြားကို ကာကွယ်ဆေး လာရောက် ထိုးနှံစေဖို့ တိုက်တွန်းလိုက်သလိုရှိပေမယ့် အမှန် တကယ်မှာတော့ ကာကွယ်ဆေး ထိုးမယ်၊ မထိုးဘူး ဆိုတာဟာ လူတစ်ဦးချင်း အလိုက်ရဲ့ပုဂ္ဂလိက ဆုံးဖြတ်ခွင့်မျိုး ဖြစ်နေတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဖိလစ်ပိုင် အစိုးရဟာ လက်ရှိ ၂၀၂၁ ခုနှစ် အတွင်းမှာ နိုင်ငံလူဦးရေ သန်း ၁၁၀ အနက် ကနေပြီး သန်း ၇၀ ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ဖို့ ရည်မှန်းထားခဲ့ပေမယ့် လက်ရှိ အချိန်အထိ ကာကွယ်ဆေး ထိုးပြီးသူ အရေ အတွက် က ၂ ဒသမ ၁ သန်းသာ ရှိသေးလို့ အခက်တွေ့နေ ရပါတယ်။ ခရက်ဒစ် ; စံတော်ချိန်ဒစ်ဂျစ်တယ်/ ကိုးကား – Channel News Asia

Tags:

Add a Comment

Your email address will not be published. Required fields are marked *