ဗိုက်ကဆာ အနံ့တွေက ရနေတဲ့နောက် စိတ်မထိန်းနိုင်တော့ဘဲ မီးဖိုချောင်နံရံကို ဝင်ဆောင့်ပြီး အစားအသောက်တွေ ဝင်စားခဲ့တဲ့ဆင်ကြီး

ဗိုက်ကဆာ အနံ့တွေကရနေတဲ့နောက် စိတ်မထိန်းနိုင်တော့ဘဲ မီးဖိုချောင်နံရံကိုဝင်ဆောင့်ပြီး အစားအသောက်တွေ ဝင်စားခဲ့တဲ့ဆင်ကြီ

ဆာလောင် မွတ်သိပ်နေတဲ့ ဆင်တစ်ကောင်ဟာ ထိုင်းမိသားစုတစ်စုရဲ့ အိမ်နံရံတွေကို ဝင်ဆောင့်ကာ ကျော်ဖြတ်ဝင်ရောက်ခဲ့ပြီး သူတို့ရဲ့ အစားအသောက် တွေကို စားသုံးသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက Hua Hin ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆာလောင်မှု ဒဏ်ကို မခံစားနိုင်တော့တဲ့ ဆင်ဟာ အိမ်နံရံကို ဖြိုဖျက်ပြီးတော့ အစားအသောက်တွေ ရှာဖွေစားသောက် ခဲ့တာဖြစ်ပါတယ်။

” ဒီလိုဆင်တွေကို မြင်တွေ့ရတာကို အရမ်းပျော်ပါတယ်၊ ဒါပေမယ့်နောက်တခါက် သူရောက်လာမှာကိုတော့ စိုးရိမ်မိပါတယ်” လို့ အိမ်ပိုင်ရှင် ဖြစ်တဲ့ Rachadawan Phungprasopporn က ဒေသခံမီဒီယာကို ပြောဆိုခဲ့တယ်လို့ New York Post က ဖော်ပြခဲ့ပါတယ်။ ဇွန်လ ၂၁ရက်နေ့၊ ဒေသစံတော်ချိန် မနက်၂ နာရီခန့်မှာ ဖြစ်ပျက်ခဲ့ပြီးRachadawan Phungprasopporn နဲ့ သူ့ရဲ့ခင်ပွန်းဟာ ထူးဆန်းတဲ့အသံတွေကြောင့် လန့်နိုးခဲ့ရပါတယ်။

သူတို့ဟာ နောက်ဖေး မီးဖိုဆောင်ကို အပြေးအလွှား သွားကြည့်ခဲ့ ရာမှာတော့ အာရှဆင် တစ်ကောင်ဟာ သူ့ရဲ့အစွယ်တွေနဲ့ မီးဖိုဆောင်အတွင်း စားစရာတွေထားထားတဲ့ ဗီရိုနံရံတွေကို ဆောင့်ထိုးကာ ဖြိုဖျက် နေတာကို မြင်တွေ့ခဲ့ ရပါတယ်။ ဆင်ဟာ ဆန်အိတ်လေးတစ်လုံးကို နှာမောင်းနဲ့ချီယူကာ ပါးစပ်ထဲတောင်မှ ထည့်သွင်းနေပြီး သူ့ရဲ့ခေါင်းပိုင်းဟာ မီးဖိုဆောင်အတွင်းကို ရောက်ရှိနေပြီလည်းဖြစ်ခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူဟာ ဆင်ကို ခြောက်လှန့်မောင်းထုတ်ခဲ့ရပြီး သစ်တောအတွင်းဝင်ကာ ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ကို သူမတို့က မှတ်တမ်းတင်ကာ ဗီဒီယိုရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ အဆိုပါဗီဒီယိုနဲ့ ရုပ်ပုံတွေက လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားခဲ့ပါတယ်။ ထိုင်းလူမျိုးတွေအတွက်တော့ ဆင်ဟာ အလေးအမြတ်ထားစရာ သတ္တဝါဖြစ်ပြီး အခမ်းအနား၊ ပွဲလမ်းသဘင်တွေမှာ ဆင်တွေကို ပုံမှန်အသုံးပြုလေ့ရှိကြပါတယ်။

” ပျက်စီးသွားတဲ့ နံရံတွေကို ပြန်ပြင်ဖို့ ဘတ် ငါးသောင်းလောက် ကုန်မှာပါ ” လို့ Phungprasopporn က ပြောပါတယ်။ အိမ်နံရံကိုပါ ဖြိုဖျက်ပြီးတော့ အစားလာစားတဲ့ ဒီဆင်ဟာ ပြီးခဲ့တဲ့ နှစ်လလောက်တုန်းကလည်း အိမ်ပတ်ဝန်းကျင်နားကို ရောက်ခဲ့သေးတယ်လို့ သူမက ပြောဆိုခဲ့ ပါသေးတယ်။” အဲဒီတုန်းကတော့ ဘာမှမပျက်စီးခဲ့လို့ ကျေးဇူးတင်စရာပါပဲ”လို့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ Phungprasopporn က ပြောဆိုခဲ့ပါတယ်။

တောရိုင်း တိရိစ္ဆာန်ဌာနက တာဝန်ရှိ သူတွေကိုလည်း သူမက အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ တာဝန်ရှိသူတွေကတော့ မီးဖိုဆောင် အတွင်းက အစားအသောက်တွေရဲ့ အနံ့က ဆင်ကို ဆွဲဆောင်ခဲ့တာဖြစ်မယ်လို့ ယူဆခဲ့ပြီး အစား အစာတွေကို မထားဖို့အတွက် အကြံပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဆင်ကောင်ရေ ၂၀၀၀ ဝန်းကျင်ခန့် ရှိနေ သေးတယ်လို့ သိရပြီး ခိုးယူသတ်ဖြတ် မှုတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်နေတယ် လို့လည်း သိရပါတယ်။ ခရက်ဒစ်

Tags:

Add a Comment

Your email address will not be published. Required fields are marked *