ပြည်သူ့ချစ်တော် ဝတ်မှုန်ရွှေရည်တစ်ယောက် Asian Academy Creative Award ဆန်ခါတင်စာရင်းမှာပါဝင်

ဝတ်မှုန်ရွှေရည်တယောက် Asian Academy Creative Award ဆန်ခါတင်စာရင်းမှာပါဝင်နေ

ပြည့်သူ့အချစ်တော် ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးထိပ်တန်းမင်းသမီးတစ်ဦးလို့ဆိုနိုင်သလို အခုနောက်ပိုင်းမှာ ဂျပန်နဲ့ ကိုရီးယား လို နိုင်ငံတွေမှာပါ ရုပ်ရှင်တွေသွားရောက်ရိုက်ကူးပြီးအောင်မြင်မှုရနေတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ကစ်ရဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးဟာဆိုရင်လည်း ပြည်ပနိုင်ငံတွေမှာပါသွားရောက်ပြသခြင်းခံရပြီး အောင်မြင်မှုတွေအကြီးအကျယ်ရရှိထားသလို ကစ်ပါဝင်တဲ့အခြားသောဇာတ်ကားတော်တော်များများဟာလည်းနိုင်ငံတကာအသိအမှတ်ပြုခြင်းခံထားရတယ်လို့ သိရပါတယ်

ဒီလောက်တင်မကသေးပါဘူး။ဝတ်မှုန်ရွှေရည်ဟာ Paris Fashion Week ကိုဖိတ်ကြားခြင်းခံရတဲ့ လက်တစ်ဆုပ်စာသော မြန်မာ Influencer တွေထဲမှာတစ်ဦးအပါဝင်ဖြစ်ပြီး နိုင်ငံတကာက ပေးအပ်တဲ့ ဆုတွေလည်းရရှိထားတဲ့ ဂုဏ်ယူဖွယ်မင်းသမီးတစ်လက်ဆိုရင်လည်းမမှားပါဘူး။ ဝတ်မှုန်ရွှေရည်ဟာ Brand ပေါင်းများစွာကို ကိုယ်စားပြုတဲ့ Brand Ambassador တစ်ဦးလည်းဖြစ်ပါသေးတယ်။ မကြာသေးမီကပဲ ကစ်လေးက POSH Magazine – Myanmar ရဲ့ LIFESTYLE & TRAVEL Issue Cover ကို တရုတ်ပြည်ရဲ့ အနုပညာ လောကမှာသာမက နိုင်ငံတကာ ဖက်ရှင်လောက အထိပါ ခြေဆန့်ထားနိုင်တဲ့ ကမ္ဘာကျော် မင်းသားချော Timmy Xu (许魏洲 ) XU WEIZHOU နဲ့ အတူတူ ရိုက်ကူးရတော့မှာဖြစ်ကြောင်း POSH Magazine page က ဂုဏ်ယူစွာကြေငြာထားခဲ့ပြီး ပရိသတ်တွေက ကစ်လေးအတွက်ဂုဏ်ယူနေကြပါတယ်။

အခုအခါမှာတော့ ကစ်ရဲ့ပရိသတ်တွေနောက်ထပ် ဂုဏ်ယူရမယ့်ကိစ္စတစ်ခုပေါ်ပေါက်လာပြန်ပါပြီ။အဲဒါကတော့ လာမယ့် ဒီဇင်ဘာလ (၆) ရက်နေ့မှာ စင်္ကာပူနိုင်ငံမှာကျင်းပမယ့် Asian Academy Creatvie Award က ရွေးချယ်ထားတဲ့ ဆန်ခါတင်စာရင်းထဲမှာ မြန်မာနိုင်ငံရဲ့ဝတ်မှုန်ရွှေရည်ပါဝင်နေတာကြောင့်ပါပဲ။ ကစ်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံအလိုက် အကောင်းဆုံးမင်းသမီးတစ်ဦးအဖြစ် ဆုရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားပြီး အာရှရဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆုအတွက် ဆန်ခါတင်စာရင်းမှာပါဝင်နေခဲ့တာပါ။ ကစ်နဲ့အတူတူအာရှနိုင်ငံတော်တော်များများက ကမ္ဘာကျော်မင်းသမီးတွေဖြစ်တဲ့ Kara Wai,Shefali Sha, Emily Chan, Nadine Lustre တို့လည်း ဆန်ခါတင်စာရင်းမှာပါဝင်နေပါသေးတယ်။

ပြည်သူ့အချစ်တော် ကစ်က Asian Academy Creative Award ရဲ့ ဆန်ခါတင်စာရင်းကို လိပ်ပြာစံအိမ် (The Only Mom) ဇာတ်ကားနဲ့ ရွေးချယ်ခံခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။ ကစ်ရဲ့ ပရိသတ်တွေကတော့ Asian Academy Creative Award ကို မြန်မာနိုင်ငံရဲ့ဝတ်မှုန်ရွှေရည်ရှရှိစေဖို့ ဆုတောင်းနေကြပြီး Asian Acedemy Creative Award ရဲ့ Page က comment တွေမှာလည်းဝတ်မှုန်ရွှေရည်ဓာတ်ပုံတွေနဲ့သွားရောက်အားပေးထားကြတာလည်းတွေ့ရပါတယ်။ ဝတ်မှုန်ရွှေရည်တစ်ယောက် လာမယ့် ဒီဇင်ဘာလ (၆)ရက်နေ့မှာ ပရိသတ်တွေအတွက် ဆုကိုပိုက်ပြီး အိမ်ပြန်လာနိုင်မလားဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်ကြည့်ရှု့ရဦးမှာပါ။ပရိတ်သတ်ကြီးလဲ ကစ်လေးအတွက် ဆုမွန်ကောင်းတောင်းပေးကြပါအုံးနော်။

လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်ခင်ဗျာ

Add a Comment

Your email address will not be published. Required fields are marked *