မင်းသား စွမ်းဇာနည် တက်နေသော ပြနာ၏ နောက်ဆုံး အခြေနေနှင့် ပရိတ်သတ်၏ တုန့်ပြန်မှုများ

မင်းသား စွမ်းဇာနည် တက်နေသော ပြနာ၏ နောက်ဆုံး အခြေနေနှင့် ပရိတ်သတ်၏ တုန့်ပြန်မှုများ

ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှ လွန်ခဲ့သော ၂ နာရီကျော်က ကြေငြာချက်တခု ထုပ်ပြန်လိုက်ပါတယ်။ကြေငြာချက်မှာ

အထူးသတိပေးချက်

အမရပူရမြို့ နန်တော်ရာစံပြကွက်သစ် ငါးဆယ်တစ်ကြိမ်‌မြောက် ပွဲတော်မှာ စွမ်းသဘင် ကို ငှားခဲ့ပါတယ်။ စံရန်ကိုလဲ တောင်းတဲ့သိန်း( 50 ) ချပေးခဲ့ပါတယ်။

ပွဲတော် သုံးရက် ငှားရမ်းခဲ့ရာမှာ ကြားရက် ပွဲကူးရက် မရှိသဖြင့်
ထက်တိုးဖို့ ပြောဆိုတဲ့ အခါမှာနောက်တစ်ရက်ထက်တိုးပေးခဲ့ပါတယ်။စုစုပေါင်း စွမ်းသဘင်ကို လေးရက်တိတိ ငှားရမ်းခဲ့ပါတယ် ပထမ ပွဲရက်မှာပဲ စွမ်းသဘင်မှ အဖွဲ့သားအားလုံး ရောက်ရှိပေမဲ့ စွမ်းဇာနည် မရောက်ခဲ့ပါဘူး

အဲ့ အတွက် ပွဲတော်ကို ကျွန်တော်တို့ပွဲကော်မတီမှ နားလည်မှုရှိစွာဖြင့် တစ်ရက် နောက်ဆုတ်ပေးခဲ့ပါတယ် ဒုတိယ ရက်နေ့မှာလဲ နေ့လည် 12:00 ထိ စွမ်းဇာနည် ရောက်မလာခဲ့လို့ စွမ်းသဘင် မှ တာဝန်ရှိသူဖြစ်တဲ့ စွမ်းဇာနည်း ရဲ့ အဒေါ်နဲ့ အစ်မကို ဖုန်းဆက် မေးခိုင်းခဲ့ပါတယ်

နေကောင်းဘူး ပြောဆိုပါတယ် ဒါနဲ့ ကျွန်တော်တို့ ပွဲတော်ကော်မတီ မှ ဒုတိယတခါ နားလည်မှုရှိစွာဖြင့် စွမ်းဇာနည် မင်းနေမကောင်းဖစ်နေရင်လဲ လူလေပဲ ဆင်ပေါ်တတ်ပီ ပရိသတ်ကို မျက်နှာလေးပဲ လာပြပြီး မင်းနားနေပေါ့လို့ လေယာဉ်လက်မှတ်လဲ အသင့်လုပ်ပေးမယ် ပြောဆိုခဲ့ပါတယ်

ဒီလိုနဲ့ ညနေပိုင်းထိ မရောက်လာတော့ စွမ်းသဘင်က တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ ပွဲကော်မတီ ထက်တွေ့ပါတယ် ညကြရင် မဖြစ်မနေ ပွဲစရတော့မယ် အခုထိ စွမ်းဇာနည် မရောက်လာသေးပါလား ဖုန်းပြန်ဆက်ကြည့်ပါပေါ့ ကျွန်တော်တို့ ဆက်တာ မကိုင်လို့ပေါ့

ဒီလိုနဲ့ သူရဲ့ အဒေါ်နဲ့ အစ်မကို ဖုန်းခေါ်ခိုင်းတယ် ဖုန်းမကိုင်တော့ ကျွန်တော်တို့ ပွဲကော်မတီမှ သည်းခံနိုင်တဲ့ အတိုင်းတာ ကုန်ဆုံးသွားပါပြီး‌ဗျာ အဲ့တော့ စွမ်းဇာနည်ကိုပြောလိုက်ပါ ဒီညမှ အရောက်မလာရင် ပွဲကော်မတီမှ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်လို့ပြောလိုက်ပါ

အဲ့မှာ စွမ်းဇာနည်ရဲ့ အစ်မ နဲ့ အဒေါ်က ဖုန်းတွေမရမကခေါ်ပြီး
စွမ်းဇာနည်ထံကို ဖုန်းဆက်ပါတယ် ဒီညမှ နင်မလာရင် ငါ့တို့ဇာတ်ဖွဲ့တစ်ခုလုံး ပြဿနာတတ်ပြီး‌လို့ ပြောတဲ့အခါမှာ စွမ်းဇာနည်ထံမှ သေသေသက်သက်လို့ ပြန်ပြောခဲ့ပါတယ်

အဲ့အချိန်ကစပြီး ကျွန်တော်တို့ ပွဲကော်မတီ မှ ဇာတ်အဖွဲ့သားအားလုံးကိုယ ပြဿနာကြားထဲ မရောက်အောင် ရက်ကွက်သူ ရက်ကွက်သားတွေနဲ့ ပြဿနာမဖြစ်အောင် ဇာတ်အဖွဲ့သားအားလုံး လူတွေကြည့်ပဲ အပြင်ကို အကုန်ပေးပါ လုံခြုံရေးထည့်ပေးပါမယ်

ဒါပေးမဲ့ စက်ပစ္စည်းများနဲ့ ကား ၅ စီးကိုထိန်သိမ်းခဲ့ပါတယ် ဇာတ်အဖွဲ့သားတွေကို ပြဿနာ မဖစ်ရအောင်လို့ မှန်လုံကားတစ်စီးကိုတော့ မင်းသားငယ် မင်းသမီးများကို ဇာတ်အဖွဲ့သားတွေကိုတင်ပေးပြီး အမရပူရမြို့နယ်နဲ့ ဝေးတဲ့ နေရာသာ သွားပါလို့ ပြောဆိုပီနားလည်မှုရှိစွာဖြင့် ဇာတ်အဖွဲ့သားတွေကို လွှတ်ပေးခဲ့ပြီး

စက်ပစ္စည်းအားလုံးနဲ့ ကားလေးစီးကိုတော် ပွဲတော်ကော်မတီမှ ထိန်သိမ်းထားပါတယ် နစ်နာကြေးအဖြင့် သိန်း ( 500 ကျပ်တိတိကို ) ‌ပေးတာနဲ့ စက် ပစ္စည်းများနဲ့ ကားလေးစီးကို ပြန်ပေးပါမည် မနက်ဖြန် မှ စ၍ ( ၁၄ ရက် အချိန်ပေးသွားပါမည် ) ၁၄ ရက်ကျော်ခဲ့ပါက စက်ပစ္စည်းများနဲ့ ကားလေးစီးကို လုံးဝတာဝန်မယူကြောင်းကို ပွဲတော်‌ဖြစ်မြောက်ရေး ကော်မတီမှ အထူးသတိပေးကြေညာအပ်ပါကြောင်း

အနုပညာရှင်တစ်ဦးသည် ပရိတ်သတ်ကို လေးစားမှုရှိရမည် မိမိလုပ်ရမဲ့ အလုပ်ကို တန်ဖိုးထားရမည် မလုပ်နိုင်လျှင် အစောထဲက လက်မခံပါနဲ့ ပရိတ်သတ်ကို စော်ကားအထင်‌သေးခြင်းသည် နှပညာရှင် တစ်ဦးရဲ့ အဆုံးသက် နေဝင်ချိန် တစ်ခုဖြစ်တည်လာနိုင်ပါသည်

ညနေ 4:၀၀ မှာ ရှေ့များနဲ့ အတူသဘင်အစည်းအရုံးနှင့် ပွဲတော်ကော်မတီ မှ စာချူပ် ချူပ်ဆိုသွားမှာ ဖြစ်ကြောင်း သတိပေးပါသည် လုံးဝ ခွင့်မလွှတ်နိုင်ပါ

အမရပူရမြို့ နန်းတော်ရာစံပြကွက်သစ်

ပွဲတော်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့

PS2

ဆိုပြီး ကြေငြာချက် ထုပ်ပြန်ထားတာ ဖြစ်ပါတယ်။

မင်းသား စွမ်းဇာနည်က သူ၏ facebook မှာ “Bar pyit chin lae pyaw .. aye say” ဆိုပြီး ရေးထားပါသေးတယ်။

မင်းသား၏ post အောက်မှာ ပရိတ်သတ်အချို့က ဒေါသတကြီး တုန့်ပြန်ထားတာတွေ တွေ့ရပြီး အချို့ကတော့ စိုးရိမ်နေကြပါတယ်။ပရိတ်သတ်တုန့်ပြန်ထားတဲ့ အထဲမှ အချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်

“ဘာမှမဖြစ်ချင်ပါဘူးဟယ် ရှင့်ကို့ကြည့်ချင်ကြတဲ့ ပရိတ်သတ်ကို အားနာပါ။ ပွဲကို စီစဉ်ပေးတဲ့ လူကြီးသူမတွေကို အားနာပါ။😭😭ဈေးသည်တွေကို အားနာပါ။

၃ည ငှားထားတယ် ဖျာတွေ ပထမည၊ဒုတိယည အကုန်နီးပါးကုန်နေပြီ။တတိယညလဲ နေရာကောင်းတွေကုန်နေပါပြီ။

ပထမညကို ညနေစောင်းမှ မကနိုင်လို့ နောက်နေ့ကပေးမယ် ပြောပြီးဖျက်😒

နောက်မနက် လုံးဝ မကနိုင်တော့ဘူး ပြောပြီး‌ဖျက်လိုက်ရော 😣

မိမိဂုဏ်သိက္ခာနဲ့ပရိတ်သတ်ကို မလေးစားတဲ့မင်း ကျဆုံးခြင်း၊ပျောက်ကွယ်ခြင်းတွေ ရမှ သူများကို အပြစ်မတင်မိပါစေနဲ့”

“အရင်ကနယ်တွေမှာဆို စွမ်းရဲ့ပစ္စည်းတွေမီးရှို့တာတွေ ဇာတ်ရုံထဲကခုံတွေရိုက်ချိုးခံရတာတွေဘာကြောင့်လဲဆိုတာမသိခဲ့ဘူး

အခုကိုယ်သိခဲ့တာကပရိတ်သတ်ပေါ်စေတနာထားမှ

ပရိတ်သတ်ကလဲပြန်စေတနာထားသလိုပေါ့ကိုယ်ကမှန်နေရင်ဘယ်သူမှအဲ့လိုအကြမ်းမဖက်ပါဘူး

မင်းသားရေကျွန်မတို့ နန်းတော်ရာကွက်သစ်ကလူတွေကမင်းသားတို့ဇာတ်ကိုအကြမ်းမဖက်ပဲအေးအေးဆေးဆေးပဲနေပြခဲ့ကြပါတယ်

အရင်နှစ်တွေက ကျွန်မတို့ဆီမှာ က ပြသွားတဲ့ စည်းစနစ်ကြပြီးပရိတ်သတ်တွေကိုလေးစားတတ်တဲ့ ဖိုးချစ်တို့ဟန်ဇာတို့လိုမင်းသားတွေဖြစ်အောင်အရင်ကြိုးစားပါအုံး

ဒါမှမဟုတ်စပေါ်ကာစက စွမ်းဇာနည်ကိုပဲမျက်လုံးထဲမြင်ပြီးဘယ်လိုလုပ်ဒီနေရာကိုခက်ခက်ခဲခဲရောက်အောင်ကြိုးစားခဲ့တာလေးမြင်ယောင်ကြည့်ပါ

အခုဆိုကျွန်မတို့ရပ်ကွက်ကအစအနီးနားဝန်းကျင်ရပ်ကွက်ကြီးတွေကပါစွမ်းဆိုရင်လက်မခံကြတော့ပါဘူးနော်🙂” ဆိုပြီး ရေးထားကြပါတယ်။

ပရိတ်သတ်ကြီးရဲ့ ထင်မြင်ယူဆချက်ကရော ဘယ်လိုရှိနေပါသလဲ ခင်ဗျာ

Add a Comment

Your email address will not be published. Required fields are marked *