တက္ကစီကားသမားခေါ်တင်သွားပြီး ကလေးပျောက်နေလို့ ကူညီရှာပေးဖို့ မိဘတွေ အကူညီတောင်း

တက္ကစီကားသမားခေါ်တင်သွားပြီး ကလေးပျောက်နေလို့ ကူညီရှာပေးဖို့ မိဘတွေ အကူညီတောင်း

တွေ့ရှိရင် ဆက်သွယ် နိုင်သော ဖုန်းနံပါတ် 09 2617 333 00

သမီးလေးတွေ ကားနဲ့ တင်ခေါ်ခံရပြီး ပျောက်နေလို့ ကူညီပေးကြပါ….အရေးကြီးသတင်းလေးပါ….

ဖြစ်စဉ်မှာ သီလရှင်ဝတ်ပြီး ထွက်လာတဲ့ သမီးလေး ၂ ယောက် ဆူးလေပန်းခြံမှာ ထိုင်နေတုန်း တက္ကစီယာဉ်မောင်းတစ်ဦးက ကားနဲ့ တင်ခေါ်သွားပြီး ပျောက်နေတာပါ

ပုံထဲမှာ ပါတဲ့ သီလရှင်ဝတ်ပြီးထွက်လာတဲ့ သမီးလေး ၂ ဦးဟာ ၁၁.၁၁.၂၀၁၉ ရက်နေ့က ဆူးလေပန်းခြံမှာ ထိုင်နေပါတယ်…အဲဒီအချိန် တက္ကစီယာဉ်မောင်းတစ်ဦးက အလုပ်ရှာပေးမယ်ပြောပြီး ကားပေါ်တင်ခေါ်သွားတယ်လို့ သိရပါတယ်

၂ယောက်ထဲမှ အငယ်မလေးကိုတော့ ဘူတာကြီးကို ပို့ပေးပြီး အကြီးမလေးကို တော့ အလုပ်ရှာပေးမယ်ဆိုပြီး ခေါ်သွားတာပါလို့ သူတို့ရဲ့ မိဘတွေက ပြောပြခဲ့တာပါ

တကယ်လို့ ရန်ကုန်မြို့ က ဆူးလေပန်းခြံနားမှာ CCTV တပ်ထားတယ်ဆိုရင် ခေါ်သွားတဲ့ တက္ကစီသမား ဘယ်သူလဲဆိုတာ ဖော်ထုတ်နိုင်မှာဖြစ်လို့ တပ်ထားတယ်ဆိုရင်လည်း ပြောပေးကြပါလို့ ဆိုပါတယ်….

သမီးလေးတွေက ကြို့ပင်ကောက်မှာနေတာဖြစ်ပြီး ပရိသတ်ကြီးတို့လည်း အပြင်မှာ တွေ့ခဲ့ရင် 09 2617 333 00 ကို ဆက်သွယ်ပေးကြပါလို့ အကူအညီတောင်းထားပါတယ်…

ခုခေတ်က တချို့လူတွေက ကြောက်ဖို့ကောင်းတာမို့ သမီးလေးရဲ့ မိဘတွေကလည်း စိတ်အရမ်းပူနေကြပါတယ်…. ဒီသတင်းလေးကို အားလုံးတွေ့အောင် ပြန် Share ပြီး ကူညီပေးကြပါ…ကျေးဇူးတင်ပါတယ်….

Writer ; Kwee (Jeeptoolay)

Source ; သတင်းဓာတ်ပုံ – ဝင်းနောင် , AlinnMyay(အလင်းမြေ)

ကျေးဇူးပြုပြီး အားလုံး share လုပ်ပေးပြီး ကူညီပေးကြပါနော်…မိတ်ဆွေတို့ share တချက်ဟာ သားသမီးပျောက်သွားတဲ့ မိဘတွေအတွက် မျှော်လင့်ချက်တခုပါ

တွေ့ရှိရင် ဆက်သွယ် နိုင်သော ဖုန်းနံပါတ် 09 2617 333 00

Add a Comment

Your email address will not be published. Required fields are marked *