ခလေးသူခိုးကြောင့် တစ်နှစ်ကျော်အရွယ် သမီးလေး ကွယ်လွန်သွားမှု ရေးမြို့နယ်တွင် ဖြစ်ပွားခဲ့

ကလေးမိဘများ မိမိကလေးကို သေခြာလေး ဂရုစိုက်ကြပါဗျာ။တခုခုဆိုရင် ကိုယ်ပဲရင်ကျိုးရတာ အခုလဲ ရေးမြို့နယ်မှာ ကလေးခိုးပြီး ငွေတောင်းတာ ပြန်တွေ့တော့ ကလေးက သွားရှာပြီ အပြည့်အစုံကို အောက်မှာ ဆက်ဖတ်ပါအုံး

ကလေးခိုးပြီး ငွေတောင်းတဲ့သူကို ရေးမြို့ မှာ ဖမ်းမိထားတာ ဖြစ်ပါတယ်..ကလေးတော့ ဆုံးသွားပါပြီ..ဖြစ်လေရာဘဝဆက်တိုင်းမှာ ဒီအဖြစ်မျိုး မကြုံပါရစေနဲ့ သမီးလေးရယ် ဝဋ်ရှိရင် ဒီဘဝနဲ့ပဲ ပြီးပါစေတော့ကွယ်။တစ်နှစ်ကျော်အရွယ်မိန်းကလေးငယ်တစ်ဦးအား ခေါ်ဆောင်ကာ ငွေဖြင့်ပြန်ရွေးခိုင်းခဲ့ပြီး ကလေးငယ်အား သတ်ဖြတ်ခဲ့မှု ရေးမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

ယခုလ ၁၈ ရက်နေ့က ရေလုပ်ငန်းလုပ်ကိုင်ဖို့ ဒူးယားကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်းရပ်ကွက်ရှိ ဒေါ်သင်းသင်းအေးရဲ့နေအိမ်မှာ လာရောက်နေထိုင်ကြတဲ့ ဘုတလင်မြို့နယ်နေ အသက် ၂၀ နဲ့ ၁၆ နှစ်အရွယ်ရှိ ညီအစ်ကိုနှစ်ဦးက နေအိမ်ပိုင်ရှင်ရဲ့ အသက် တစ်နှစ်နဲ့ ခုနှစ်လအရွယ် သမီြး ဖစ်သူကိုခေါ်ဆောင်ကာ ငွေတောင်းခဲ့တာဖြစ်ပါတယ်။

တရေားခံ မာင်ရဲရင့်သူနဲ့ မောင်ရဲရင့်မျိုးတို့နဲ့အတူ သမီးဖြစ်သူ ဆော့ကစားနေစဉ် မိခင်ဖြစ်သူမှာအိပ်ေ ပျာ်သွားခဲ့ပြီးအိပ်ရာမှနိုးလာစဉ်မည်သူတစ်ဦးတစ်ယောက်ကိုမျှမတွေ့ရှိခဲ့ရဘဲမိခင်ဖြစ်သူအားသွင်းထားတဲ့ ဟာဝေးအမျိုးအစားဖုန်းပါပျောက်ဆုံးနေခဲ့ကြောင်း လိုက်လံရှာဖွေရာ အနီးရှိတက္ကစီသမားတစ်ဦးရဲ့ပြောပြချက်အရ သမီးဖြစ်သူနှင့် လူငယ်နှစ်ဦး တို့ဘူတာလိုက်ပို့ပေးရန်ပြောသဖြင့်လိုက်ပို့ပေးခဲ့ကြောင်းသိရ၍ လိုက်လံရှာဖွေခဲ့ပေမယ့် မေ တွ့ ခဲ့ရကြောင်း။

ထိုနေ့ ညနေ ၆ နာရီအချိန်တွင် ခင်ပွန်းဖြစ်သူ၏ဖုန်းအား အဆိုပါလူငယ်နှစ်ဦးက ” ငွေ ၅ သိန်းနဲ့ သမီးဖြစ်သူကိုလာရောက်လဲလှယ်ရန်နှင့် မလဲလှယ်ပါက အဆိုးမဆိုနဲ့၊ စိတ်မရှည်ဘူး ” ဟု ဆက်သွယ်ခဲ့သဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့များက ယင်းလူငယ်နှစ်ဦးအား ယင်းနေ့ည ၁၀နာရီအချိန်အဝေးပြေးဂိတ် မှာဖမ်းဆီး ရမိခဲ့ပေမယ့်မိန်းကလေးငယ်ကတော့ ပျောက်ဆုံးနေလို့ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးဖော်ထုတ် ချက်အရ ယမန်နေ့က ကလေးမှငိုသဖြင့် အစ်ကိုဖြစ်သူက နှာခေါင်းနဲ့ပါးစပ်အားပိတ်ထားရာ အသံမထွက်သဖြင့် သေဆုံးသည်ထင်၍ချောင်းတောင်ကျေးရွာရေး နဲ့ထားဝယ်မီးရထား လမ်း အနောက်ဘက်ရှိ ရေမြောင်းအတွင်းပစ်ချခဲ့ကြောင်း ပြောကြားပါတယ်။

အတော်ကို လူမဆန်တဲ့အလုပ်ဗျာ ဘဝတောင်မစရသေးတဲ့ ကလေးကိုမှ လုပ်ရက်လိုက်ကြတာ။သမီးလေး ဝဋ်ရှိရင်လဲ ဒီဘဝ ဒီမျှနဲ့ ကြေပါစေတော့ကွယ်။EDIT BY Chartake .Source by Win Naing Thet.

 

Add a Comment

Your email address will not be published. Required fields are marked *