ေပါင္ျမိဳ႕နယ္က ဆရာမတစ္ေယာက္ မေသင့္ပဲေသရျပန္ျပီ ေသမင္းရယ္ ခင္ဗ်ား အေကာင္းႀကိဳက္လွပါလားဗ်ာ

လူမွန္ရင္ ေသမ်ိဳးဆိုတာသိေပမယ့္ တခါတေလမွာ ေသမင္းက သိပ္အေကာင္းႀကိဳက္တက္တာ သတိထားမိခဲ႕တယ္။ရပ္ကြက္ ျမိဳ႕ ရြာ ႏိုင္ငံထဲမွာ ဆိုးေပျပီး မေကာင္းတာလုပ္တဲ႕သူေတြႀက သိပ္ကို အသက္ရွည္ႀကတယ္ ေကာင္းတာလုပ္ျပီး လူတိုင္းတန္ဖိုးထားရတဲ႕သူက် ေခၚသြားတာ ျမန္လိုက္တာ။အခုလည္းႀကည့္ပါအံုး

အ႐ြယ္မတိုင္ခင္ေသဆုံးရသူေတြအတြက္ ကာယကံရွင္နဲ႔ ပတ္သက္သူေတြကလည္း ရင္က်ိဳးရသလို သူဟာသူမ်ားအက်ိဳးကို ထမ္း႐ြက္ေနသူျဖစ္တယ္ဆိုရင္ သူနဲ႔ ပတ္သက္ရသူေတြကလည္း ေၾကကြဲမဆုံးျဖစ္ရပါတယ္….တိုင္းျပည္အတြက္လည္း အနာဂတ္ၾကယ္တစ္ပြင့္ေႂကြလြင့္ရသလိုပါပဲ…ခုလည္းပဲ အသက္အ႐ြယ္အားျဖင့္ ငယ္ငယ္ေလးရွိေသးတဲ့ ဆရာမေလးတစ္ဦးဟာ မေမွ်ာ္လင့္ဘဲ ေႂကြလြင့္ခဲ့ရပါတယ္…ျဖစ္စဥ္ကေတာ့ အသက္ ၁၃ ႏွစ္သာရွိေသးတဲ့ ကေလးတစ္ေယာက္ေမာင္းလာတဲ့ ဆိုင္ကယ္နဲ႔ တိုက္မိၿပီး ဆရာမေလး ေဒၚမ်ိဳးမ်ိဳးလြင္ တစ္ေယာက္ ေသဆုံးခဲ့ရရွာပါတယ္။ဆရာမေလးက ေပါင္ၿမိဳ႕နယ္ ေကာ့ကဒိုက္ အ.မ.က ( ေရတြင္းကုန္း) က ဆရာမေလး တစ္ေယာက္ ျဖစ္ပါတယ္…. ဆရာမေလး ခုလို မေမွ်ာ္လင့္ဘဲ ေသဆုံးသြားခဲ့ရလို႔ တပည့္ေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ ေတြကလည္း အရမ္းဝမ္းနည္းေနရတာပါ။

တိုက္မိတဲ့ကေလးကလည္း ၁၃ ႏွစ္ဆိုေတာ့ ဒီအ႐ြယ္နဲ႔ ဆိုင္ကယ္ကို စိတ္ခ်လက္ခ်ေပးေမာင္းတဲ့ မိဘေတြရဲ႕ စိတ္ကိုလည္း နားမလည္ပါဘူး….အ႐ြယ္မေရာက္ေသးသူတစ္ေယာက္ေၾကာင့္ အခ်ိန္မတိုင္ခင္ ဆရာမေလးတစ္ဦးေႂကြလြင့္ခဲ့ရတာဟာ တိုင္းျပည္အတြက္ပါနစ္နာပါတယ္…ဒီလိုအျဖစ္အပ်က္ေလးကို သင္ခန္းစာယူရင္း ဆိုင္ကယ္ေမာင္းသူေတြကလည္း ဗရမ္းဗတာ မေမာင္းဖို႔လိုပါတယ္…ခုေတာ့ ေႂကြလြင့္သြားရွာတဲ့ ဆရာမေလးအတြက္ ဝမ္းနည္းေၾကကြဲရသလို ဆရာမေလးေကာင္းရာမြန္ရာေရာက္ပါေစလို႔ပဲ စိတ္မေကာင္းစြာနဲ႔ ဆုေတာင္းေပးလိုက္ရပါတယ္။credit: Writer – HW (Shwe Yaung Lan) စာဖတ္သူတို႔ ေဘးဘယာေဝးကြာျပီး ကိုယ္စိတ္ႏွစ္ျဖာက်န္းမာ ခ်မ္းသာႀကပါေစ။unicode လူမှန်ရင် သေမျိုးဆိုတာသိပေမယ့် တခါတလေမှာ သေမင်းက သိပ်အကောင်းကြိုက်တက်တာ သတိထားမိခဲ့တယ်။ရပ်ကွက် မြို့ ရွာ နိုင်ငံထဲမှာ ဆိုးပေပြီး မကောင်းတာလုပ်တဲ့သူတွေကြ သိပ်ကို အသက်ရှည်ကြတယ် ကောင်းတာလုပ်ပြီး လူတိုင်းတန်ဖိုးထားရတဲ့သူကျ ခေါ်သွားတာ မြန်လိုက်တာ။အခုလည်းကြည့်ပါအုံး

အရွယ်မတိုင်ခင်သေဆုံးရသူတွေအတွက် ကာယကံရှင်နဲ့ ပတ်သက်သူတွေကလည်း ရင်ကျိုးရသလို သူဟာသူများအကျိုးကို ထမ်းရွက်နေသူဖြစ်တယ်ဆိုရင် သူနဲ့ ပတ်သက်ရသူတွေကလည်း ကြေကွဲမဆုံးဖြစ်ရပါတယ်….တိုင်းပြည်အတွက်လည်း အနာဂတ်ကြယ်တစ်ပွင့်ကြွေလွင့်ရသလိုပါပဲ…ခုလည်းပဲ အသက်အရွယ်အားဖြင့် ငယ်ငယ်လေးရှိသေးတဲ့ ဆရာမလေးတစ်ဦးဟာ မမျှော်လင့်ဘဲ ကြွေလွင့်ခဲ့ရပါတယ်…ဖြစ်စဉ်ကတော့ အသက် ၁၃ နှစ်သာရှိသေးတဲ့ ကလေးတစ်ယောက်မောင်းလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိပြီး ဆရာမလေး ဒေါ်မျိုးမျိုးလွင် တစ်ယောက် သေဆုံးခဲ့ရရှာပါတယ်။ဆရာမလေးက ပေါင်မြို့နယ် ကော့ကဒိုက် အ.မ.က ( ရေတွင်းကုန်း) က ဆရာမလေး တစ်ယောက် ဖြစ်ပါတယ်…. ဆရာမလေး ခုလို မမျှော်လင့်ဘဲ သေဆုံးသွားခဲ့ရလို့ တပည့်တွေနဲ့ လုပ်ဖော်ကိုင်ဖက် တွေကလည်း အရမ်းဝမ်းနည်းနေရတာပါ။

တိုက်မိတဲ့ကလေးကလည်း ၁၃ နှစ်ဆိုတော့ ဒီအရွယ်နဲ့ ဆိုင်ကယ်ကို စိတ်ချလက်ချပေးမောင်းတဲ့ မိဘတွေရဲ့ စိတ်ကိုလည်း နားမလည်ပါဘူး….အရွယ်မရောက်သေးသူတစ်ယောက်ကြောင့် အချိန်မတိုင်ခင် ဆရာမလေးတစ်ဦးကြွေလွင့်ခဲ့ရတာဟာ တိုင်းပြည်အတွက်ပါနစ်နာပါတယ်…ဒီလိုအဖြစ်အပျက်လေးကို သင်ခန်းစာယူရင်း ဆိုင်ကယ်မောင်းသူတွေကလည်း ဗရမ်းဗတာ မမောင်းဖို့လိုပါတယ်…ခုတော့ ကြွေလွင့်သွားရှာတဲ့ ဆရာမလေးအတွက် ဝမ်းနည်းကြေကွဲရသလို ဆရာမလေးကောင်းရာမွန်ရာရောက်ပါစေလို့ပဲ စိတ်မကောင်းစွာနဲ့ ဆုတောင်းပေးလိုက်ရပါတယ်။credit: Writer – HW (Shwe Yaung Lan)

စာဖတ်သူတို့ ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ။

Add a Comment

Your email address will not be published. Required fields are marked *