နေခြည်ဦး ခေါ် ချီချီဟာ မိန်းကလေးပရိသတ်များသာမက ယောကျာ်းလေးပရိသတ်များကပါ ချစ်ခင်အားပေးရသည်အထိ အောင်မြင်မှုတွေရရှိနေသူတစ်ယောက်ပါ။ သူမဟာ မြန်မာနိုင်ငံက ပွဲအခမ်းအနားတွေသာမကပဲ ပြည်ပနိုင်ငံကနာမည်ကြီး ပွဲတွေအထိပါတက်ရောက်နေရသူတစ်ယောက်ပါ။ သူမရဲ့အောင်မြင်မှုတွေကိုတေယ့ အနုပညာရှင်များကပါ မချီးကျူးပဲမနေနိုင်အောင်ကို ဖြစ်ခဲ့ရသူလေးဖြစ်ပါတယ်။
သူမရဲ့ သွက်သွက်လက်လက်စကားပြောပုံလေးများနဲ့ ထက်မြက်မှုတွေကို မိန်းကလေးတိုင်းက အားကျနေရတာပါ။ သူမေကြော်ငြာတဲ့ ကုန်ပစ္စည်းတိုင်းဟာလည်း ရောင်းမလောက်အောင်ဖြစ်ခဲ့ရတဲ့အထိကိုဖြစ်ခဲ့တာကြောင့် ကြော်ငြာတွေလက်မလည်အောင် ရိုက်ကူးနေရတာပါ။ ချီချီဟာ အနုပညာဘက်တွင်သာမကပဲ စီးပွားရေးဘက်မှာလည်း တစ်ယောက်တည်းဦးဆောင်ကာ လုပ်ဆောင်နိုင်တဲ့ ထက်မြက်လွန်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။
ချီချီက သူမရဲ့Instagram Stories လေးမှာ ပုံလေးတစ်ပုံတင်ထားတာပါ။ ဒါကတော့ အမိုက်စား Range Rover ကားအသစ်ကြီး ဝယ်ယူလိုက်တဲ့ပုံလေးပါ။ဒါ့အပြင် ” Welcome Home May You Bring The Joy And Happiness To My Life” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါတယ် ခင်ဗျာ
Add a Comment
Your email address will not be published. Required fields are marked *