အမ္ဘာ့အမြင့်ဆုံး ကရာတေးပြိုင်ပွာမှာ နိုင်ငံအတွက် ရွှေတံဆိပ်တွေ ကိုယ်စီယူဆောင်ပေးခဲ့တဲ့ ၇ နှစ် နှင့် ၈ နှစ်အရွယ် ကောင်လေးနဲ့ ကောင်မလေး
အမ္ဘာ့အမြင့်ဆုံး ကရာတေးပြိုင်ပွာမှာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်တွေ ကိုယ်စီယူဆောင်ပေးခဲ့တဲ့ ၇ နှစ် နှင့် ၈ နှစ်အရွယ် ကောင်လေးနဲ့ ကောင်မလေး
လက်တွေ့လောကကြီးမှာ မလျှော့သောဇွဲလုံ့လနဲ့ ဘဝကို ကြိုးစားရပ်တည်နေသူတွေ လောကမှာ အများကြီး ရှိပါတယ်…. ဒီလိုကြိုးစားရင်း မိမိအောင်မြင်မှုသာမက နိုင်ငံ့ရဲ့ ဂုဏ်ကို မြှင့်တင်ပေးနိုင်သူတွေဆိုရင် အရမ်းကို လေးစားချီးကျူးဖို့ ကောင်းမှာပါ…. ခုပြောပြချင်တာကလည်း အသက်အားဖြင့် ငယ်ရွယ်သေးပေမဲ့ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပြီး မြန်မာ့ဂုဏ်ကို ဆောင်ခဲ့တဲ့ ကလေးလေး ၂ ယောက်အကြောင်းကိုပါ။ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် ကမ္ဘာ့ကရာတေးပြိုင်ပွဲ (12th World Open Karate Championship) မှာ မြန်မာနိုင်ငံက ကလေး ၂ ဦးဖြစ်တဲ့ ညီလေး ဂျာလ(JA LA) နဲ့ ညီမငယ်လေး ဆန့်မိုင်နူး(Seng Mai Nu)တို့ ဟာ ကမ္ဘာ့ချန်ပီယံဆု ရွှေတံဆိပ်ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်…ညီလေး ဂျာလ(JA LA) ဟာ အသက် ၈ နှစ်တန်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့တာဖြစ်ပြီး ညီမငယ်လေး ဆန့်မိုင်နူး(Seng Mai Nu) က အမျိုးသမီးသက်ငယ် ၇ နှစ် တန်းမှာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကြီးကိုရယူပေးလိုက်နိုင်တာပဲ ဖြစ်ပါတယ်….ရွှေတံဆိပ်ယူပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ ကလေး ၂ ဦးဟာ ဆရာကြီးဦးမင်းလွင် ဦးဆောင်တဲ့ IKO Myanmar Team ကဖြစ်ပြီးတော့ သူတို့ ၂ ဦးဟာ မြန်မာ့ကရာတေးသမိုင်းမှာ ကမ္ဘာ့ပြိုင်ပွဲ အဆင့်တွေမှာ ပထမဦးဆုံး ရွှေတံဆိပ်တွေကို ရယူပေးနိုင်ခဲ့သူတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။
အရမ်း အရမ်းကိုတော်ကြတဲ့ကလေးတွေပါ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမယ်ဆိုတဲ့ စကားကို သူတို့ရဲ့ ကြိုးစားမှု၊ အားထုတ်မှုနဲ့ ပေးဆပ်မှုတွေနဲ့ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီလို့ ဆိုရမှာပါ…ဒါ့အပြင် အဲဒီပြိုင်ပွဲမှာ နောက်ထပ် မြန်မာကိုယ်စားပြု ညီလေးတစ်ယောက်ဖြစ်တဲ့ ဆန့်လက်အောင်(SENG LAT AUNG) ကလည်း အသက် ၇ နှစ်တန်းမှာ ဒုတိယ ငွေတံဆိပ်ဆုကို ရယူပေးပြီး မြန်မာ့ဂုဏ်ကို ဆောင်နိုင်ပေးခဲ့ပါတယ်…
မြန်မာအနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုတွေ ငွေတံဆိပ်ဆုတွေရယူပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး အကြိမ်ပဲဖြစ်ပါတယ်… မြန်မာ့ကရာတေးသမိုင်းနဲ့ မြန်မာတို့ရဲ့ ဂုဏ်ကို ကမ္ဘာမှာမြှင့်တင်ပေးခဲ့တဲ့ အသက်ငယ်ပေမဲ့ လေးစားရတဲ့ ညီလေး ညီမလေးတွေမို့ ခုလို သတင်းလေးပြန်လည်မျှဝေပေးလိုက်ရတာပါ…ပရိသတ်ကြီးတို့လည်း ဂုဏ်ပြုစကားလေးတွေကို ညီလေးညီမလေးတို့အတွက် ပြောခဲ့ပါအုံးနော် Writer – HW (Shwe Yaung Lan) Source : International Karate Organization – Myanmar Branch တို့အား လေးစားစွာ ခရက်ဒစ်ပေးပါတယ် ခင်ဗျာ။ မြန်မာ့အားကစား ကမ္ဘာလွှမ်းဖို့ နီးစပ်လာပြီလားလို့ တွေးထင်ရင်း
Add a Comment
Your email address will not be published. Required fields are marked *