မနေ့ညကဖြစ်ပွားခဲ့သော ပဲခူးကလေးသူခိုးမှု ဖြစ်စဉ်အမှန် နှင့် ဖြစ်စဉ်အစ ရုပ်သံ

မနေ့ညက ပဲခူတွင် ကလေးသူခိုးမိတယ်ဆိုပြီး သတင်များပျံ့နှံ့နေခဲ့ပါတယ်။အမှန်တော့ ပဲခူးလူထုကြီးက ကလေးသူခိုးဟု အထင်မြင်မှားခဲ့တာပဲဖြစ်ပါတယ် အပြည့်အစုံကို ဆက်လက်ဖတ်လိုက်ပါအုံးဗျ

မနေ့ည၉နာရီအချိန်ခန့်က ပဲခူးမြို့ မြို့မရဲစခန်းအပိုင် ကျောက်ကြီးစုရပ်ကွက်ရွာသစ်၎လမ်းတွင် ကလေးသူခိုးဖမ်းမိတယ်ဟူသောဖြစ်စဉ်ကြောင့် ရပ်ကွက်နေပြည်သူအချို့ ရုတ်ရုတ်သဲသဲဖြစ်ပေါ်ခဲ့သောဖြစ်စဉ်ကြောင့် အများပြည်သူအနေဖြင့် ဖြစ်စဉ်မှန်ကိုသိရှိပြီးဝေဖန်သုံးသပ်နိုင်ဖို့ စစ်ဆေးပေါ်ပေါက်ချက်ကိုဖော်ပြပေးလိုက်ရပါတယ် ပဲခူးမြို့ကျောက်ကြီးစုရပ်ကွက် စီမံကိန်း၎လမ်းမှ သူခိုးသူခိုးဟူသောအော်ဟစ်သံကြောင့် လိုက်လံဖမ်းဆီးမှုပြုရာမှတစ်ဆင့် တစ်ဆင့် ကလေးသူခိုးဟုဖြစ်ပေါ်ခဲ့ပြီး အများပြည်သူထိတ်လန့်ခြင်း ဒေါသသွေးများဆူပွက်၍ ရွာသစ်ရပ်ကွက်အတွင်းရုတ်ရုတ်သဲသဲဖြစ်ပွားနေမှုသတင်းကြောင့် ပဲခူးမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးနိုင်စိုးနှင့်ရဲတပ်ဖွဲ့ဝင်များ ရွာသစ်ရပ်ကွက်သို့အချိန်မှီရောက်ရှိခဲ့ပြီး ဖမ်းဆီးရမိထားသူ ငွေဖြိုးအောင်ဆိုသူအားခေါ်ယူထိန်းသိမ်းမှုပြုထားစဉ်တစ်ဆင့်စကားတစ်ဆင့်ကြားပြီး ဒေါသဆူပွက်နေသည့်

လူအုပ်ကြောင့် မလိုလားအပ်သောပြဿနာမဖြစ်ပေါ်အောင် ရွာသစ်၎လမ်းရှိ သံပန်းသံတံခါးရှိသောဦးဇော်မျိုးကျော်၏အိမ်တွင် ခတ္တဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းဆီးရမိထားသူအား ဥပဒေနှင့်အညီစစ်ဆေးအရေးယူနိုင်ရေး ရဲစခန်းသို့ခေါ်ယူနိုင်ရန် အိမ်ရှေတွင်ဒေါသများနှင့် ပိတ်ဆို့ထားပြီး ဆူပွက်နေသောလူအများကြားမှ ဖောက်ထွက်ခေါ်ယူရန် အခက်အခဲဖြစ်ပေါ်ခဲ့သည့်အတွက် သက်ဆိုင်ရာအကြီးအကဲတို့ထံ အဆင့်ဆင့်သတင်းပို့ အကြောင်းကြားခဲ့သည့်အတွက် ရဲလုံခြုံရေးအင်အားများထပ်မံတို့ချဲ့ စောင်ကြပ်မှုများဖြင့်ဖမ်းဆီးရမိထားသူ ငွေဖြိုးအောင်အား ဒေါသများဖြင့်ရှိနေသည့် လူအများကြားမှ ရဲစခန်းသို့ခေါ်ဆောင်ခြင်းများပြုခဲ့ရပါသည်။ ကလေးသူခိုးဟူသောဖြစ်စဉ်အစကို လေ့လာကြားသိချက်အရ လူအများပြောကြားနေကြသည့် ကျောက်ကြီးစုရပ်ကွက် ဒေါ်လှငွေ၏မြေးကိုခိုးယူသည်ဟု

သတင်းစကားထွက်ပေါ်ချက်များအရ ဦးစွာပထမဒေါ်လှငွေ၆၀နှစ်နှင့် အတူနေဒေါ်ညွန့်၇၁နှစ်တို့အား ရဲစခန်းသို့ခေါ်ယူမေးမြန်းခဲ့ရာ သူမြေးအားခိုးယူခံရသည်ဆိုသောသတင်းစကားမှာ မဟုတ်မှန်ကြောင်း အဆိုပါသတင်းဖြစ်ပေါ်နေချိန်တွင် မြေးဖြစ်သူမှာမိမိတို့နေအိမ်အပေါ်ထပ်တွင် မိမိရင်ခွင်တွင်အတူရှိနေတာဖြစ်ပြီး ၎င်းတို့နှင့်အိမ်နီးခြင်းနေ ဦးချစ်စန်းမောင်နှင့်မဇင်မာစိုးတို့အိမ်မှသူခိုးသူခိုးအော်သံကြားရ၍ မိမိတို့ကလဲသူခိုးသူခိုးဟုဝိုင်အော်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားချက်အရ အိမ်နီးခြင်းဖြစ်သူဦးချစ်စန်းမောင်နှင့်မဇင်မာစိုးတို့အား ထပ်မံခေါ်ယူ၍မေးမြန်းခဲ့ရာ မိမိတို့လင်မယားနှစ်ယောက်သည် နေအိမ်အပေါ်ထပ်တွင်ရှိနေစဉ် အတူနေ နေအိမ်အောက်ထပ်ရှိမောင်ဖြစ်သူ ကိုမှေး(ခ)အောင်ကျော်ထွေး၏ခြင်ထောင်ထဲတွင်

လူတစ်ဦးဝင်အိပ်နေသည်ကိုတွေရပြီး မောင်ဖြစ်သူမှာ အလုပ်ကပြန်မလာသေးသည့်အတွက် အကျိုးအကြောင်းမေးမြန်းရန် အပြင်ထွက်ခဲ့ဘို့ပြောဆိုနေစဉ် အဆိုပါလူမှာထွက်ပြေးသွားသဖြင့် သူခိုးတစ်ယောက်ထင်မှတ်၍ သူခိုးသူခိုးဟုအော်ဟစ်ခဲ့တာဖြစ်ကြောင်း စစ်ဆေးသိရသဖြင့် နေအိမ်အောက်ထပ်နေ မဇင်မာစိုး၏မောင်ဖြစ်သူကိုမှေး(ခ)အောင်ကျော်ထွေး၂၄နှစ်အား အလုပ်မှရဲစခန်းသို့ခေါ်ယူမေးမြန်းခဲ့ရာ ပထမတစ်ပိုင်းထဲနေသူသာဖြစ်ကြောင်း ခင်မင်ဆက်ဆံမှုမရှိကြောင်း ဖြေကြားခဲ့ပေမဲ့နောက်ပိုင်းသူ့သူငယ်ချင်းဖြစ်ကြောင်း ယခင်ကလဲသူနှင့်အတူလာအိပ်ဘူးသူဖြစ်ကြောင်း ဝန်ခံပြောကြားချက်အရအပေါ် ထပ်နေဦးချစ်စန်းမောင်နှင့်မဇင်မာစိုးတို့မှာ သူ့၏မောင်ကိုမှေး၏သူငယ်ချင်းမှန်းမသိ၍ လူစိမ်းတစ်ဦးမို့သူခိုးသူခိုးဟုအော်ဟစ်ခဲ့တာဖြစ်ကြောင်း ယခုလိုဖြစ်စဉ်အမှန်သိခဲ့ရ၍အရေးယူလိုမှုမရှိကြောင်းနှင့် မိမိတို့မှ သူခိုးသူခိုးသာအော်ဟစ်ခဲ့မှုအပေါ်

ကလေးသူခိုးဟူသောဖြစ်စဉ်ပြောင်လဲ​ဖြစ်ပေါ်သွားတာကို နားမလည်မိဖြစ်မိကြောင်း ပြောကြားချက်များအရသိရပါသည်။ ထိုသို့စစ်ဆေးမှုများအား သတင်းမီဒီယာများရှေ့မှောက်တွင် ခေါ်ယူမေးမြန်းချက်များ၏ ပေါ်ပေါက်ခဲ့သည့်ဖြစ်စဉ်အား အများပြည်သူအမှန်တရားအတိုင်းသိရှိစေဘို့ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ဖော်ပြနိုင်ပါကြောင်း ပဲခူးမြို့မစခန်းမှူးဒုရဲမှူးနိုင်စိုးမှလဲ ပြောကြားခဲ့ကြောင်းသိရပြီး ဒေါသဖြစ်ပေါ်နေသည့်လူအုပ်ကြားမှ အဆင်ကျင်မဲ့စွာပြုလုပ်ခဲ့သည့် လူတစ်ဦးကြောင့် သံသယ၏သားကောင်ဖြစ်ခဲ့ရသည့် ငွေဖြိုးအောင်၏မျက်လုံးတစ်ဘက်မှာ ပြင်းထန်ဒဏ်ရာထိခိုက်မှုရရှိခဲ့သဖြင့်ပဲခူးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသနေရကြောင်းသိရှိရခဲ့ပါတယ်။

မည်သည့်ဖြစ်ရပ်မဆို ဥပဒေအရကျူးလွန်သူဖြစ်ပါက အရေးယူရန်ဥပဒေရှိပြီးသားမို့ ဖြစ်စဉ်အမှန်ကိုယ်တိုင်မြင်တွေ့သိရှိခြင်းမရှိသည်အရာတို့အပေါ် ဆင်ကျင်သုံးသပ်၍ ဒေါသကိုထိန်း၍ ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ဘို့ လူနှင့်ကောလဟာလများအကြားစိတ်ကိုလွန်ကဲမသွားစေဘဲ သတိတရားဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ဘို့ ပူးပေါင်းကူညီ၍ဆောင်ရွက်နိုင်ကြလျှင် အကောင်းဆုံးဟုထင်မြင်မိပါသည်။သတင်းရေးသားသူ ဇော်ရှင် အားလေးစားစွာခရက်ဒစ်ပေးပါတယ်ခင်ဗျာ။ Source – Pyae Kyi

ဖြစ်စဉ်ရုပ်သံ

ကလေးသူခိုးဟု အထင်မှားခြင်းဖြစ်ပြီးမှောင်ရိပ်ခိုသူသာ ဖြစ်ကြောင်း ကာယကံရှင်များမှအမှတ်(၁)စခန်းတွင်ပြောကြား

Posted by Pyae Kyi on Saturday, November 30, 2019

Add a Comment

Your email address will not be published. Required fields are marked *