ကုသိုလ္ေတာ္ဘုရားတြင္တရုတ္မ်ားဖိနပ္စီးေသာပံုတင္ေသာ ကိုစိုးအာကား ေဂါပကမွတရားစြဲမည့္အေပၚ ပုဂံ-ေညာင္ဦး ဧည့္လမ္းၫႊန္မ်ားအသင္းႀကီး၏ သေဘာထားထုတ္ျပန္ခ်က္

ကုသိုလ္ေတာ္ဘုရားတြင္တရုတ္မ်ားဖိနပ္စီးေသာပံုတင္ေသာ ကိုစိုးအာကား ေဂါပကမွတရားစြဲမည့္အေပၚ ပုဂံ-ေညာင္ဦး ဧည့္လမ္းၫႊန္မ်ားအသင္းႀကီး၏ သေဘာထားထုတ္ျပန္ခ်က္ကို ထုတ္ျပန္လိုပ္ပါတယ္ အျပည့္အစံုမွာ “ကုသိုလ္ေတာ္ ဘုရား ေဂါပက အဖြဲ႕၏ ေၾကျငာခ်က္ အေပၚ ပုဂံ-ေညာင္ဦး ဧည့္လမ္းၫႊန္မ်ားအသင္းႀကီး (BTGA) ၏ သေဘာထားထုတ္ျပန္ခ်က္

အထက္ပါ အေၾကာင္းအရာ ကိစၥႏွင့္ပတ္သက္၍(၈/၁၂/၂၀၁၉) ရက္ေန႔တြင္ ကုသိုလ္ေတာ္ ဘုရားဝန္းအတြင္းသို႔ ႏိုင္ငံျခားသား အဖြဲ႕ တစ္ဖြဲ႕မွ ဖိနပ္စီးဝင္ေရာက္သည္ကို ဓါတ္ပံု႐ိုက္၍ လူမႈကြန္ယက္ စာမ်က္ႏွာ (ေဖ့ဘုတ္) သို႔ တင္ခဲ့ေသာ ပုဂံေညာင္ဦး ဧည့္လမ္းၫႊန္မ်ားအသင္းႀကီး(BTGA) ၏ အသင္းဝင္တစ္ဦးျဖစ္သူ ဦးအာကာစိုး/ ေဖ့ဘုတ္ အေကာင့္ > Soe Kar Ar အား တရားစြဲမည္ဟု ကုသိုလ္ေတာ္ ေဂါပကမွ ထုတ္ျပန္လာပါသည္။ ထို ေဂါပက အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ အဆိုပါ ဧည့္လမ္းၫႊန္ သည္ စကၠန္႔ပိုင္း အတြင္း ဖိနပ္စီးသည္ကို အခြင့္အေရးယူ၍ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးပ်က္ျပားေစရန္ အခြင့္အေရးယူ ၍ျပဳမႈ ေဆာင္ရြက္သည္ဟု စြပ္စြဲထားပါသည္။

အဆိုပါ ဧည့္လမ္းၫႊန္၏ ေျပာၾကားခ်က္အရလည္းေကာင္း၊ ဓါတ္ပံုမွတ္တမ္း မ်ား အရလည္းေကာင္း ၊ ဧည့္သည္အဖြဲ႕သည္ ဘုရားဝန္း အတြင္းသို႔ ေျခအိတ္ ႏွင့္ ဖိနပ္ စီး၍ ဝင္ေရာက္ခဲ့ေၾကာင္းလည္း ေတြ႕ရွိရပါသည္။ အဆိုပါအေကာင့္ပိုင္ရွင္ ဧည့္လမ္းၫႊန္သည္ ဧည့္လမ္းၫႊန္တစ္ဦးတစ္ေယာက္၏ ဝတၱရားအရလည္းေကာင္း ၊ ဗုဒၶဘာသာဝင္ တစ္ဦး ၏ အျမင္အရေသာ္လည္းေကာင္း မသင့္ေလ်ာ္၍ ေရးသားခဲ့ ျခင္းသာျဖစ္ပါသည္။အဆိုပါ Soe Kar Ar အေကာင့္ပိုင္ရွင္ ဧည့္လမ္းၫႊန္သည္ BTGA အသင္းဝင္ အေနျဖင့္ေသာ္လည္းေကာင္း ၊လိုင္စင္ရဧည့္လမ္းၫႊန္ တစ္ဦးအေနျဖင့္ေသာ္လည္းေကာင္း လုပ္ကိုင္ရာတြင္ မည္သည့္ အမွားအယြင္း တစံုတရာမွ လုပ္ေဆာင္ဖူးျခင္းမရွိေၾကာင္း ေတြ႕ရွိရပါသည္။

သို႔ျဖစ္ပါ၍ Soe Kar Ar အေကာင့္ပိုင္ရွင္ ဧည့္လမ္းၫႊန္ ဦးအာကာစိုးအား ကုသိုလ္ေတာ္ ဘုရား ေဂါပက မွ ဥပေဒေၾကာင္းအရ အေရးယူေဆာင္ရြက္မည္ဆိုပါက ပုဂံ-ေညာင္ဦး ဧည့္လမ္းၫႊန္မ်ားအသင္းႀကီး(BTGA) မွ ထို ဧည့္လမ္းၫႊန္ ႏွင့္အတူ ပူးေပါင္း၍ ရပ္တည္ ေဆာင္ရြက္သြားမည္ ျဖစ္ပါေၾကာင္း သေဘာထားထုတ္ျပန္လိုက္ပါသည္။ အလုပ္အမႈေဆာင္ေကာ္မတီ / ပုဂံ-ေညာင္ဦးဧည့္လမ္းၫႊန္မ်ားအသင္း ” ဆိုျပီး ျဖစ္ပါတယ္ ။ က်န္ျပည္သူမ်ားအေနျဖင့္လဲ ေဂါပကမွ ကိုစိုးအာကာအေပၚ တရားစြဲပါက ပုဂံ-ေညာင္ဦး ဧည့္လမ္းၫႊန္မ်ားအသင္းႀကီး(BTGA) ကဲ႕သို႔ ကိုစိုးအာကာဘက္မွ ရပ္တည္သင့္ပါေႀကာင္း တင္ျပလိုက္ရပါတယ္ ။ SOURCE – Bagan Tourist Guide Association

unicode ကုသိုလ်တော်ဘုရားတွင်တရုတ်များဖိနပ်စီးသောပုံတင်သော ကိုစိုးအာကား ဂေါပကမှတရားစွဲမည့်အပေါ် ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်များအသင်းကြီး၏ သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်လိုပ်ပါတယ် အပြည့်အစုံမှာ “ကုသိုလ်တော် ဘုရား ဂေါပက အဖွဲ့၏ ကြေငြာချက် အပေါ် ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်များအသင်းကြီး (BTGA) ၏ သဘောထားထုတ်ပြန်ချက်

အထက်ပါ အကြောင်းအရာ ကိစ္စနှင့်ပတ်သက်၍(၈/၁၂/၂၀၁၉) ရက်နေ့တွင် ကုသိုလ်တော် ဘုရားဝန်းအတွင်းသို့ နိုင်ငံခြားသား အဖွဲ့ တစ်ဖွဲ့မှ ဖိနပ်စီးဝင်ရောက်သည်ကို ဓါတ်ပုံရိုက်၍ လူမှုကွန်ယက် စာမျက်နှာ (ဖေ့ဘုတ်) သို့ တင်ခဲ့သော ပုဂံညောင်ဦး ဧည့်လမ်းညွှန်များအသင်းကြီး(BTGA) ၏ အသင်းဝင်တစ်ဦးဖြစ်သူ ဦးအာကာစိုး/ ဖေ့ဘုတ် အကောင့် > Soe Kar Ar အား တရားစွဲမည်ဟု ကုသိုလ်တော် ဂေါပကမှ ထုတ်ပြန်လာပါသည်။ ထို ဂေါပက အဖွဲ့၏ ထုတ်ပြန်ချက်တွင် အဆိုပါ ဧည့်လမ်းညွှန် သည် စက္ကန့်ပိုင်း အတွင်း ဖိနပ်စီးသည်ကို အခွင့်အရေးယူ၍ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးပျက်ပြားစေရန် အခွင့်အရေးယူ ၍ပြုမှု ဆောင်ရွက်သည်ဟု စွပ်စွဲထားပါသည်။

အဆိုပါ ဧည့်လမ်းညွှန်၏ ပြောကြားချက်အရလည်းကောင်း၊ ဓါတ်ပုံမှတ်တမ်း များ အရလည်းကောင်း ၊ ဧည့်သည်အဖွဲ့သည် ဘုရားဝန်း အတွင်းသို့ ခြေအိတ် နှင့် ဖိနပ် စီး၍ ဝင်ရောက်ခဲ့ကြောင်းလည်း တွေ့ရှိရပါသည်။ အဆိုပါအကောင့်ပိုင်ရှင် ဧည့်လမ်းညွှန်သည် ဧည့်လမ်းညွှန်တစ်ဦးတစ်ယောက်၏ ဝတ္တရားအရလည်းကောင်း ၊ ဗုဒ္ဓဘာသာဝင် တစ်ဦး ၏ အမြင်အရသော်လည်းကောင်း မသင့်လျော်၍ ရေးသားခဲ့ ခြင်းသာဖြစ်ပါသည်။အဆိုပါ Soe Kar Ar အကောင့်ပိုင်ရှင် ဧည့်လမ်းညွှန်သည် BTGA အသင်းဝင် အနေဖြင့်သော်လည်းကောင်း ၊လိုင်စင်ရဧည့်လမ်းညွှန် တစ်ဦးအနေဖြင့်သော်လည်းကောင်း လုပ်ကိုင်ရာတွင် မည်သည့် အမှားအယွင်း တစုံတရာမှ လုပ်ဆောင်ဖူးခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ Soe Kar Ar အကောင့်ပိုင်ရှင် ဧည့်လမ်းညွှန် ဦးအာကာစိုးအား ကုသိုလ်တော် ဘုရား ဂေါပက မှ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဆိုပါက ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်များအသင်းကြီး(BTGA) မှ ထို ဧည့်လမ်းညွှန် နှင့်အတူ ပူးပေါင်း၍ ရပ်တည် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သဘောထားထုတ်ပြန်လိုက်ပါသည်။ အလုပ်အမှုဆောင်ကော်မတီ / ပုဂံ-ညောင်ဦးဧည့်လမ်းညွှန်များအသင်း ” ဆိုပြီး ဖြစ်ပါတယ် ။ ကျန်ပြည်သူများအနေဖြင့်လဲ ဂေါပကမှ ကိုစိုးအာကာအပေါ် တရားစွဲပါက ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်များအသင်းကြီး(BTGA) ကဲ့သို့ ကိုစိုးအာကာဘက်မှ ရပ်တည်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ် ။ SOURCE – Bagan Tourist Guide Association

Add a Comment

Your email address will not be published. Required fields are marked *