ဘောမနေသူတစ်ယောက်လို့အပြောခံလိုက်ရတဲ့ အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုံလေး
unicode မင်္ဂလာပါစာဖတ်သူတို့ရေ…အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုံးလေးဟာဆိုရင် သူယုံကြည်ရာအနုပညာကို လုပ်နေရင်းနဲ့ ပျော်နေတက်သူပါ ။ ယုံလေးဟာ အနုပညာလောကမှ အဆင်မပြေသူတွေအပေါ်မှာ တက်အားသမျှ ကူညီပေးနေသူတစ်ယောက်လဲ ဖြစ်ပါတယ်…ဒါ့အပြင် ယုံလေးဟာ အနုပညာ လောကသားချင်းကို မောင်ရင်းနှမ ညီရင်းအကို လိုသဘောထားပြီး အားလုံးကို နွေးနွေးထွေးထွေး ဆက်ဆံတက်သူတစ်ယောက်လဲ ဖြစ်ပါတယ်…ဒီလို အားလုံး အပေါ်မှာ နွေးထွေးစွာ ဆက်ဆံတက်ပြီး တက်နိုင်တဲ့ဘက်ကနေ အကူညီပေး တက်လို့လဲ ယုံလေးကို အားလုံးနီးပါက ချင်ခင်နေကြတာလဲဖြစ်ပါတယ်… ယုံလေးကို အားလုံးက အရေးပေး ချစ်ခင်နေရတာဟာ မနာလိုသူတွေအတွက်တော့ အတော်ကို နေမထိ ထိုင်မသာ ဖြစ်နေဟန်တူပါတယ်။
ဘာလို့ဒီလိုပြောရသလဲဆိုရင် ယုံလေးရဲ့ postတစ်ခု အောက်မှာ အကောင့်တု တစ်ခုနဲ့ “ဘောမနေသူ” ဆိုပြီး ဝင်ရောက်ပြောဆိုထားလို့ဖြစ်ပါတယ် ဒီပြောဆိုမှုကို ယုံလေးက ” ဒီ Acc အတုကတော့ ကိုယ့်နဲ့သိတဲ့ လူထဲကပဲထင်တာပဲ ဘယ်လောက်တုန်း မုန်းနေတာလဲမသိ ။ အရင်တုန်းကဆိုရင်တော့ ဒေါသထွက်တယ် ။ ဒါရိုက်တာ သင်တန်းတက်ခဲ့ပါတယ် ကိုယ့်ဟာကို တော်တယ်တက်တယ် လို့လည်း တစ်ခါမှလည်း မပြောမိခဲ့ပါဘူး။ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် ရူးတာ ။ အနုပညာမောင်နှစ်မ အားလုံးကို ညီအစ်ကို မောင်နှစ်မလို ချစ်ခင်တာ လိုက်ကူတာကို ဘောမတယ်ပဲ ရှိရသေး ။
ငယ်ငယ်ထဲက ညီအစ်ကိုမောင်နှစ်မ မရှိ အဖေအမေမရှိ မေတ္တာငတ်တယ် အပေါင်းသင်းမက်တယ် အဲ့ဒါကြောင့် အကုန်လုံးကို မိသားစုလိုနေတယ် ။ ဒါက ကိုယ်တွေ လို ခံစားဖူးမှ သိတဲ့ကိစ္စတွေ ။ လူသိတဲ့ သီချင်း လူသိတဲ့ ဇာတ်ကား ရှိတာမရှိတာတော့ ငြင်းမနေတော့ပါဘူး ။ ကလေးတွေမှ မဟုတ်တာ ။ လူတိုင်းက အလုပ်နဲ့ပဲ သက်သေပြကျရတာ ။ မင်းဘဝ မင်းလည်း အကောင်းဆုံးရှေ့ဆက်နိုင်ပါစေ ။Good Luck . . . ” ဆိုပြီး သူ့ရဲ့ လူမှု့ကွန်ယက်အကောင်ကနေ ပြန်ပြောထားတာတွေ့ရပါတယ်
ယုံလေးလို အကူညီပေးနေသူတစ်ယောက်ကို ဘောမလို့ ပြောခဲ့သူဟာ အနုပညာလောကထဲကဖြစ်ဖြစ် အပြင်လောကသားပဲ ဖြစ်ဖြစ် အတော်လေးကို စိတ်ဓါတ်ပိုင်းအရ အောက်တန်းကျသူ ပဲဖြစ်မှာပါ …ဘယ်သူတွေ ဘယ်လိုပဲ ပြောကြပါစေ ယုံလေရေ လုပ်စရာရှိတာတွေကို ဆက်လုပ်ပါ …အောင်မြင်မှု့တွေရ ယူပြီး မနာလိုသူတွေကို အခုထက်စွေ့စွေ့ခုန်အောင်လုပ်ပြလိုက်စမ်ပါ …နောက်မှာ အားပေးနေတဲ့ ပရိတ်သတ်ကြီးတယ် …Fighting ယုံလေး…
Add a Comment
Your email address will not be published. Required fields are marked *