Joox မှာ Top One နေရာကို သိမ်းပိုက်ထားတဲ့ အားတီရဲ့ သီချင်းအသစ်ရုပ်သံ

မင်္ဂလာပါဗျာ … အနုပညာ သတင်းလေးတွေ မတင်ပေးဖြစ်တာတောင် အတော်ကြာသွားပြီ … အခုတင်ဆက်ပေးမယ့် အနုပညာ သတင်းကတော့ Joox မှာ Top One နေရာမှာ ရပ်တည်နေတဲ့ အဆိုတော် အားတီရဲ့ သီချင်းအသစ်လေးပဲ ဖြစ်ပါတယ်နော်

အားတီဟာ MTV အလန်းစားလေးတွေနဲ့ သီချင်းကောင်းလေးတွေ ဖန်းတီးတက်သူတစ်ယောက်ပါ ။ သူဟာ ပင်ကိုယ်သံက ဆိုဟန်က ပါရမီပါတယ်လို့ ပြောရမလားမသိ တစ်ပုဒ်ဆို တစ်ပုဒ် ပေါက်လေ့ရှိသူပဲ ဖြစ်ပါတယ်နော် … အားတီမှာ ကိုယ်ပိုင်အကအဖွဲ့လဲရှိပြီး သူရဲ့ကြိုးပမ်းမှု့ မှတ်တမ်း Videoတွေလဲ တင်ပေးတက်တဲ့ ဂီတလောကရဲ့ တမူထူးသူတစ်ပေါက်ပဲ ဖြစ်ပါတယ်

တစ်ပုဒ်ဆို တစ်ပုဒ်ပေါက်တဲ့ အားတီဟာ အခုအသစ်ထွက်တဲ့ ဆောင်းနေ သီချင်းလေးဟာလဲ ပေါက်ခဲ့ပြန်ပါပြီ… ဒီသီချင်းဟာ Joox ရဲ့ Top One နေရာထိရောက်အောင်ကို ပေါက်နေတာပါ ။ သူဟာ ဆောင်းနေ သီချင်းလေးရဲ့ MTV ကို ပင်းတယ မဲနယ်တောင်မှာ သွားရောက်ရိုက်ကူးထားပြီး သီချင်းလေးနဲ့ လိုက်ဖက်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေကြောင့် ချစ်သူတွေကြား ဆောင်းသရုပ်က ပေါ်လွင်လို့ နေပြီး ကြည့်မိသူတွေအဖို့ ကိုယ်တိုင်သွားပြီး Ro ချင်လောက်အောင်ကို ဆွဲဆောင်းထားပါတယ်

Joox Top One ဖြစ်အောင် အောင်မြင်နေမှု့အပေါ် အားတီက “ဘယ်သူတွေ အရမ်းနားထောင်ပေးလို့ နံပါတ် ၁ ရတာလည်းကွာချစ်သယ်” လို့ပြောကာ အရမ်းပျော်ရွှင်နေပါတယ် ။ ပရိတ်သတ်ကြီးရော အားတီရဲ့ဆောင်းနေသီချင်းလေးကို နားထောင်ပြီးကြပြီလားမသိဘူးနော် …နားမထောင်ရသေးရင် နားထောင်ဖို့နဲ့ MTV အလန်းလေးကြည့်ဖို့ တင်ပေးလိုက်ပါတယ်နော် …

ရုပ်သံကြည့်ရန်

https://www.facebook.com/officiallyart/videos/1451309795018703/

Add a Comment

Your email address will not be published. Required fields are marked *