သီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံခဲ့ရတဲ့ ပြည်သူချစ် သရုပ်ဆောင် နန္ဒာလှိုင်














unicode မင်္ဂလာပါခင်ဗျာ…“နိုင်ငံတော်ကချီးမြှင့်ပေးအပ်တဲ့ ‘သီရိသုဓမ္မသိင်္ဂီဘွဲ့’ကို ရရှိသွားတဲ့ နန္ဒာလှိုင်”ဆိုတဲ့ သတင်းလေးကို တင်ဆက်ပေးချင်ပါတယ်

သရုပ်ဆောင်မင်းသမီးချော နန္ဒာလှိုင်ကတော့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ ရပ်တည်ခဲ့တဲ့ မင်းသမီးတစ်လက်ပါ။

လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားကာ မိသားစုကို အချိန်ပေးနေတဲ့ အိမ်ရှင်မကောင်းတစ်ယောက်အနေနဲ့သာ ပရိသတ်တွေတွေ့မြင်နေရတာပါ။

အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့တာနှစ်အတော်ကြာခဲ့ပြီဖြစ်ပေမဲ့ အားပေးတဲ့ ပရိသတ်တွေကတော့ ဒီနေ့အထိရှိနေစဲပါ။

ဒီနေ့မှာတော့ ပရိသတ်တွေရဲ့ အချစ်တော် နန္ဒာလှိုင်ကတော့ နိုင်ငံတော်က ချီးမြှင့်တဲ့ “သီရိသုဓမ္မသိင်္ဂီဘွဲ့”ကြီးကို ရရှိခဲ့ပါတယ်။

နန္ဒာလှိုင်ကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို အလှူအတန်းတွေကို ပြုလုပ်နေတာဖြစ်ပြီး မကြာသေးခင်ကလည်း နန္ဒာလှိုင်တို့ မိသားစုကနေ

စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ စေတီပေါင်း (၁၂၆)ဆူတို့အား ရတနာစိန်ဖူးတော် ၊ ရတနာငှက်မြတ်နားတော် ၊

ရွှေထီးတော်ဆက်ကပ်ခြင်း၊လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံအောင်ပွဲအထိမ်းအမှတ်အဖြစ် ရဟန်း၊ ရှင်သာမဏေအပါး (၅၂၀၀)တို့အား သာသနာ့ဘောင်သို့သွတ်သွင်းခြင်း

ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း၊ ဆွမ်းအောင်ပွဲအလှူတော်မင်္ဂလာအခမ်းအနားနှင့် ပင့်သံဃာအပါး(၂၀၀)၊ ရဟန်း၊

ရှင်သာမဏေအပါး(၅၂၀၀) တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

နန္ဒာလှိုင်ကတော့ အခုလို “သီရိသုဓမ္မသိင်္ဂီဘွဲ့” ကို ချီးမြှင့်ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပြီး(၂၀၂၀) နှစ်သစ်မှ စ၍ မိသားစုနှင့်အတူ

ဒီထက်မက သာသနာကို အထောက်အပံ့ပြု လှူဒါန်းနိုင်ခွင့် ရရပါစေလို့လည်း တောင်းဆုပြုထားပါသေးတယ်။ ပရိသတ်ကြီးရေ “သီရိသုဓမ္မသိင်္ဂီဘွဲ့”ကြီးကို

ချီးမြှင့်ခံခဲ့ရတဲ့ နန္ဒာလှိုင်အတွက် ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦးနော်…Source – Nandar Hlaing /ရေးသားသူ Chilli –CeleGabarအားလေးစားစွာခရက်ဒစ်ပေးပါတယ်ခင်ဗျာ

Add a Comment

Your email address will not be published. Required fields are marked *