စာေရးဆရာကဗ်ာဆရာႀကီး ဆရာေမာင္စူးရွ၏ ေတာသားျမိဳ႕ခြဲျခားသူမ်ားကို ကဗ်ာထဲတြင္ဒဲ႕တြယ္ထားေသာ ကဗ်ာရြတ္ဆိုမႈရုပ္သံ

Sweet Love ရဲ႕စာဖတ္သူတို႔ ဟိုးတေလာက လိုင္းေပၚမွာ ေတာသား ျမိဳ႕သား ခြဲျခားျပီး မိုက္ရိုင္းစြာ ေျပာဆိုတဲ႕သူကို မွတ္မိအံုးမယ္ ထင္ပါတယ္

တကယ္ေတာ့ ေတာသူ ေတာင္သားမ်ားကို အေျခာက္တိုက္သက္သက္ ေစာ္ကားေျပာဆိုျခင္းျဖစ္ပီး ေျပာၾကားသူမွာလည္း ဘာအဆင့္အတန္းမွမရိွတဲ့ လူ႔ကေလကေခ်တစ္ေယာက္ သာျဖစ္ပါတယ္…သုိ႔ေသာ္လည္း သူ႔ရဲ႕မိုက္ရိုင္းစြာ ေစာ္ကားေျပာဆိုမႈ႕မ်ားကို အမ်ားျပည္သူက ေဒါသထြက္ခဲ့ၾကျပီး အဲဒီျဖစ္ရပ္ရဲ႕ေနာက္ဆက္တြဲကေတာ့

ေတာသားၿမိဳ႕သား ဆိုပီး အြန္လိုင္းမွာ ဆဲၾကဆိုၾက တိုက္ခိုက္ၾကနဲ႔ ျမင္မေကာင္းခဲ့ပါ။ ဒီကမၻာေလာကႀကီးတစ္ခုလံုးဟာ အျပန္အလွန္ေက်းဇူးျပဳပီး အျပန္အလွန္မွီခိုရပ္တည္ရွင္သန္ၾကရတာသဘာ၀တရားတစ္ခုျဖစ္ပါတယ္။ အဲဒီလို အျပန္အလွန္မွီခိုမႈေတြ အက်ိဳးျပဳမႈေတြ သဟဇာတမျဖစ္ေတာ့ဘူးဆိုရင္ေတာ့

ပ်က္စီးဖို႔ပဲျဖစ္ပါတယ္။ဥပမာ- ၿမိဳ႕သူၿမိဳ႕သားမ်ားစားသံုကုန္သီႏွံ အသားငါးမ်ားစုကို ေတာသူေတာင္သားမ်ားက စိုက္ပ်ိဳးေမြးျမဴထုတ္လုပ္ေပးၾကပါတယ္။ အဲဒီလိုပါပဲ ေတာသူေတာင္သားမ်ားအတြက္ က်န္းမာေရး ဆက္သြယ္ေရး ပညာေရး ေရာင္း၀ယ္ေရး စတဲ့ လူမႈ႕စီးပြား၀န္ေဆာင္မႈလုပ္ငန္းေတြကို ၿမိဳ႕သူၿမိဳ႕သားမ်ားက

ေထာက္ပံ့ၾကပါတယ္။ အဲဒီႏွစ္ခု ညီညြတ္စြာေပါင္းစပ္မွသာ ဖြံ႔ၿဖိဳးတိုးတက္တဲ့ လူ႔ေဘာင္တစ္ခုျဖစ္ေပၚလာမွာပါတယ္။ အခုအခါမွာေတာ့ ေနာင္တစ္ခ်ိန္မွာ နာဂတ္ကိုဦးေဆာင္ၾကမယ့္လူငယ္မ်ား (တစ္ခ်ိဳ႕လူႀကီးမ်ားလည္းပါ) အခ်င္းခ်င္းညီညြတ္မႈမရိွဘဲ အခ်င္းခ်င္းတိုက္ခိုက္ပုတ္ခတ္ေနၾကတာဟာ လံုး၀မေကာင္းပါဘူး။

ထမင္းတစ္နပ္ နပ္မွန္ဖို႔ ေတာသားေရာၿမိဳ႕သားပါ အသဲအသန္ႀကိဳးစားေနရတဲ့ဒီလိုအခ်ိန္၊ အဖက္ဖက္က ဖြံ႔ၿဖိဳးတိုးတက္မႈေနာက္က်က်န္ပီး ဆင္းရဲခ်ိဳ႕တဲ့ေနတဲ့ ဒီလိုအခ်ိန္မွာ အခ်င္းခ်င္းစည္လံုးညီညြတ္စြာ စီးပြားေရး ပညာေရးေတြမွာ ႀကိဳးစားၾကရမွာျဖစ္ေပမယ့္ အခ်င္းခ်င္းတိုက္ခိုက္ေနၾကတယ္။ ဒီေန႔မွာေတာ့

စာေရးဆရာႀကီး ေမာင္စူးရွကေတာ့ ေတာသားၿမိဳ႕သားတိုက္ခိုက္မႈေတြအတြက္ ကဗ်ာတပုဒ္ေရးသားရြတ္ဆိုျပလိုက္ပါတယ္ဗ်ာ။ ကဲ ပရိတ္သတ္ႀကီး နာဆင္ေတာ္မူၾကပါဗ်ား။ ဗြီယိုဖိုင္ကို ေအာက္ဖက္နားမွာတင္ေပးထားပါတယ္ဗ်ာ…မူရင္းေရးသားသူအား ေလးစားစြာခရက္ဒစ္ေပးပါတယ္ခင္ဗ်ာ…

unicode…Sweet Love ရဲ့စာဖတ်သူတို့ ဟိုးတလောက လိုင်းပေါ်မှာ တောသား မြို့သား ခွဲခြားပြီး မိုက်ရိုင်းစွာ ပြောဆိုတဲ့သူကို မှတ်မိအုံးမယ် ထင်ပါတယ်

တကယ်တော့ တောသူ တောင်သားများကို အခြောက်တိုက်သက်သက် စော်ကားပြောဆိုခြင်းဖြစ်ပီး ပြောကြားသူမှာလည်း ဘာအဆင့်အတန်းမှမရှိတဲ့ လူ့ကလေကချေတစ်ယောက် သာဖြစ်ပါတယ်…သို့သော်လည်း သူ့ရဲ့မိုက်ရိုင်းစွာ စော်ကားပြောဆိုမှု့များကို အများပြည်သူက ဒေါသထွက်ခဲ့ကြပြီး အဲဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲကတော့

တောသားမြို့သား ဆိုပီး အွန်လိုင်းမှာ ဆဲကြဆိုကြ တိုက်ခိုက်ကြနဲ့ မြင်မကောင်းခဲ့ပါ။ ဒီကမ္ဘာလောကကြီးတစ်ခုလုံးဟာ အပြန်အလှန်ကျေးဇူးပြုပီး အပြန်အလှန်မှီခိုရပ်တည်ရှင်သန်ကြရတာသဘာဝတရားတစ်ခုဖြစ်ပါတယ်။ အဲဒီလို အပြန်အလှန်မှီခိုမှုတွေ အကျိုးပြုမှုတွေ သဟဇာတမဖြစ်တော့ဘူးဆိုရင်တော့

ပျက်စီးဖို့ပဲဖြစ်ပါတယ်။ဥပမာ- မြို့သူမြို့သားများစားသုံကုန်သီနှံ အသားငါးများစုကို တောသူတောင်သားများက စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးကြပါတယ်။ အဲဒီလိုပါပဲ တောသူတောင်သားများအတွက် ကျန်းမာရေး ဆက်သွယ်ရေး ပညာရေး ရောင်းဝယ်ရေး စတဲ့ လူမှု့စီးပွားဝန်ဆောင်မှုလုပ်ငန်းတွေကို မြို့သူမြို့သားများက

ထောက်ပံ့ကြပါတယ်။ အဲဒီနှစ်ခု ညီညွတ်စွာပေါင်းစပ်မှသာ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘောင်တစ်ခုဖြစ်ပေါ်လာမှာပါတယ်။ အခုအခါမှာတော့ နောင်တစ်ချိန်မှာ နာဂတ်ကိုဦးဆောင်ကြမယ့်လူငယ်များ (တစ်ချို့လူကြီးများလည်းပါ) အချင်းချင်းညီညွတ်မှုမရှိဘဲ အချင်းချင်းတိုက်ခိုက်ပုတ်ခတ်နေကြတာဟာ လုံးဝမကောင်းပါဘူး။

ထမင်းတစ်နပ် နပ်မှန်ဖို့ တောသားရောမြို့သားပါ အသဲအသန်ကြိုးစားနေရတဲ့ဒီလိုအချိန်၊ အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ပီး ဆင်းရဲချို့တဲ့နေတဲ့ ဒီလိုအချိန်မှာ အချင်းချင်းစည်လုံးညီညွတ်စွာ စီးပွားရေး ပညာရေးတွေမှာ ကြိုးစားကြရမှာဖြစ်ပေမယ့် အချင်းချင်းတိုက်ခိုက်နေကြတယ်။ ဒီနေ့မှာတော့

စာရေးဆရာကြီး မောင်စူးရှကတော့ တောသားမြို့သားတိုက်ခိုက်မှုတွေအတွက် ကဗျာတပုဒ်ရေးသားရွတ်ဆိုပြလိုက်ပါတယ်ဗျာ။ ကဲ ပရိတ်သတ်ကြီး နာဆင်တော်မူကြပါဗျား။ ဗွီယိုဖိုင်ကို အောက်ဖက်နားမှာတင်ပေးထားပါတယ်ဗျာ…မူရင်းရေးသားသူအား လေးစားစွာခရက်ဒစ်ပေးပါတယ်ခင်ဗျာ…

ရုပ္သံ

ေမာင္စူးရွ

ေတာင္သူလယ္သမားမ်ားကို ဆဲဆိုခဲ့သူအား ကဗ်ာဆရာေမာင္စူးရွ ကဗ်ာရြတ္ပီး ပညာေပးလိုက္တဲ့ရုပ္သံ

Posted by ငျပဴး on Sunday, January 12, 2020

Add a Comment

Your email address will not be published. Required fields are marked *