အရေးကြီးသက်သေများဖြစ်သည့် အဝတ်အစားများကို မဖျက်ဆီးပဲ ပြန်ပေးရန် တောင်းဆိုလိုက်တဲ့ ဗစ်တိုးရီးယားလေးရဲ့ဖခင်

အရေးကြီးသက်သေများဖြစ်သည့် အဝတ်အစားများကို မဖျက်ဆီးပဲ ပြန်ပေးရန် တောင်းဆိုလိုက်တဲ့ ဗစ်တိုးရီးယားလေးရဲ့ဖခင်

ဗစ်တိုးရီးယားအမှုမှ သက်သေခံများကို ဖျက်ဆီးရန် အမိန့်ချထားမှု့တွင် အမျိုးသား သုက်ပိုးတွေ့ရှိခဲ့သည်ဆိုသော ဗစ်တိုးရီးယား၏ အင်္ကျီအဝတ်အ ထည်များ ပါဝင်နေသဖြင့် တရားခံအစစ် ပေါ်ပေါက် ရန် အရေးကြီးသောကြောင့် ၎င်းတို့ကို မဖျက်ဆီးဘဲ ပြန်ပေးရန် ဖခင်ဖြစ်သူက တောင်းဆိုသည်။

‘သမီးလေး ဘောင်းဘီမှာ လည်း DNA စစ်တဲ့ ဘောင်းဘီပါ နေတယ်လေ။ဖျက်ဆီးလိုက်လို့တော့ မဖြစ်ဘူးလေ။အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒါမဖျက်ဆီးဘဲ ကျွန်တော်တို့ဆီ ပြန်တောင်း တဲ့သဘောပါပဲ’’ဟု၎င်းက ဆိုပါသည်။

သက်သေခံပစ္စည်းများထဲတွင် အားလုံးကို ဆိုလိုခြင်းမဟုတ်ပဲ အခင်းဖြစ်သည့်နေ့တွင် ဝတ်ဆင်ခဲ့သည့် ဗစ်တိုးရီးယား၏ အဝတ် အထည်နှင့် အောင်ကြီး၏ အဝတ်အထည်များကိုသာ ဖျက်ဆီးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အောင်ကြီးဘက်မှ တရားလွှတ် တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ရှင်းပြသည်။

သို့သော် အောင်ကြီး၏ အဝတ်အထည်များကိုမူ ၎င်းတို့အနေဖြင့် ပြန်လည်တောင်းယူရန် အစီအစဉ်မရှိကြောင်း ၎င်းက ဆိုသည်။လက်ရှိအချိန်ထိ အမှုသည် တရားခံအစစ်မပေါ်ပေါက်သေးဘဲ တရားရုံးက ဖျက်ဆီးရန် အမိန့်ချမှတ်ထားပြီး ဖျက်ဆီးပါက ပျောက်ပျက်သွားမည့် အတူတူ သမီးငယ်၏ အဝတ်အထည်များကို မိဘများသို့ ပြန်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ က ပြောသည်။

ထို့ ကြောင့် ဗစ်တိုးရီးယား အင်္ကျီအဝတ်အထည်များကို မဖျက်ဆီးဘဲ ပြန်ပေးရန် ဒက္ခိဏ ခရိုင်တရားရုံးထံ ဇန်နဝါရီ ၉ ရက် တွင် ဖခင်ဖြစ်သူက လျှောက်လွှာ တင်သွင်းခဲ့သော်လည်း ချမှတ်ပြီသား အမိန့်ကို ပြန်ဖျက်မရ၍ အထက်တရားရုံးသို့ တင်ပြရန်ပြောဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

ဗစ်တိုးရီးယားအမှုတွင်အောင်ကြီးကိုတရားစွဲဆိုခြင်းသည်မှားယွင်းမှု့ဖြစ်ပြီးသက်သေခံအဖြစ်သိမ်းဆည်းထားသည့် ဗစ်တိုးရီးယား အဝတ် အထည်များ နှင့် အောင်ကြီး၏ အဝတ်အထည်များကို အယူခံပြင်ဆင် ရက်ပေါင်း ၆၀ ကျော်ပါက ဖျက်ဆီးစေရန်ဟု အမိန့်ချမှတ်ထားသည်။

အောင်ကြီးကို ဒီဇင်ဘာ ၁၈ ရက်က တရားရှင်လွှတ်ပေးခဲ့၍ လာမည့် ဖေဖော်ဝါရီ ၁၈ ရက် တွင် အယူခံပြင်ဆင်ရက်ပေါင်း ၆၀ပြည့်မှာလို့သိရပါတယ်။ထိုသို့ ဖျက်ဆီးရန် အမိန့် ချမှတ်ခြင်းသည် သက်သေခံပစ္စည်းများ ပါရှိသည့် အမှုတိုင်းတွင်ဖြစ်ကြောင်း ဒေါ်စုဒါလီအောင်က ဆိုသည်။

အောင်ကြီးကို တရားရှင် လွှတ်ပေးမှုအပေါ် ရဲတပ်ဖွဲ့နှင့် ဥပဒေရုံးတို့ အနေဖြင့် မကျေနပ်ပါက အဆင့်မြင့်တရားရုံးသို့ ပြင်ဆင်ချက်တင်နိုင် သော်လည်း လက်ရှိ တစ်လခန့်ကြာမြင့်ချိန်ထိ ပြင်ဆင်ချက် တက်ရန် အခြေအ နေကို မသိရှိရသေးပေ။

ဒက္ခိဏခရိုင် ဥပဒေရုံးသို့ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက် ၍ အဆင့်မြင့် တရားရုံးတော်သို့ အယူခံတက်ရန် အစီအစဉ် ရှိ၊မရှိ သွားရောက် မေးမြန်းသော်လည်း အမှုကို တာဝန်ယူစစ်ဆေးနေ သည့် ဥပဒေအရာရှိမရှိ၍ မေး မြန်းခွင့်မရခဲ့ပေ။Source-7 Days News

Add a Comment

Your email address will not be published. Required fields are marked *