ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္း အိုလံပစ္ေျခစစ္ပြဲ တတိယအဆင့္ျဖင့္သာ ေက်နပ္ခဲ့ရ

ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္း အိုလံပစ္ေျခစစ္ပြဲ တတိယ အဆင့္ျဖင့္သာ ေက်နပ္ခဲ့ရ

ျမန္မာအမ်ိဳးသမီး ေဘာလုံးအသင္းသည္ ေတာင္ကိုရီးယားႏိုင္ငံ၌ ျပဳလုပ္ေနသည့္ ၂၀၂၀ တိုက်ိဳအိုလံပစ္ ေျခစစ္ပြဲ တတိယအဆင့္ တြင္ အိမ္ရွင္ေတာင္ကိုရီးယားႏွင့္ ဗီယက္နမ္အသင္းတို႔ကို႐ႈံးနိမ့္ခဲ့ၿပီး ေျခစစ္ပြဲတတိယအဆင့္ျဖင့္သာ ေက်နပ္ခဲ့ရတယ္လို ့ သိရပါတယ္။

၂၀၂၀ အမ်ိဳးသမီးအိုလံပစ္ေျခစစ္ပြဲ အုပ္စု(က)တြင္ ျမန္မာအသင္း ဟာ ေတာင္ကိုရီးယား၊ ဗီယက္နမ္ အသင္းတို႔ႏွင့္ ယွဥ္ၿပိဳင္ခဲ့ရၿပီး ပထမပြဲစဥ္တြင္ အိမ္ရွင္ေတာင္ကိုရီးယားအသင္းကို (၇-၀)ဂိုးျဖင့္ ဂိုးျပတ္ အေရးနိမ့္ခဲ့သည္။

ျမန္မာအသင္းသည္ ဒုတိယပြဲစဥ္တြင္ အာဆီယံေဒသတြင္းၿပိဳင္ဘက္ ဗီယက္နမ္အသင္းႏွင့္ ေနာက္တစ္ဆင့္သို႔ တက္ေရာက္ႏိုင္ေရး အတြက္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ပြဲခ်ိန္ ၆၂ မိနစ္တြင္ ဗီယက္နမ္ဘက္မွ သြင္းယူခဲ့ေသာဂိုးကို ျပန္လည္မေခ်ပႏိုင္ျခင္း ေႀကာင့္ ပြဲအၿပီးတြင္ (၁-၀) ဂိုးျဖင့္ ႐ႈံးနိမ့္ခဲ့ပါသည္။

အိုလံပစ္ေျခစစ္ပြဲ တတိယအဆင့္ကို အုပ္စု(က) ႏွင့္ (ခ)ဟူ၍ အုပ္စုႏွစ္စု ခြဲျခားထားၿပီး အုပ္စုတစ္ခုစီမွ ပထမႏွင့္ ဒုတိယရသည့္ အသင္းႏွစ္သင္းစီသည္ ေနာက္ဆုံးအဆင့္ ေျခစစ္ပြဲသို႔ တက္ေရာက္ မည္ျဖစ္ကာ ျမန္မာအသင္းသည္ ႐ႈံးနိမ့္ခဲ့ေသာေၾကာင့္ ေနာက္ဆုံး ယွဥ္ၿပိဳင္ရမည့္ ေလးသင္း႐ႈံးထြက္အဆင့္ကို လြဲေခ်ာ္ခဲ့ရၿပီျဖစ္သည္။Source-သတင္း – စြမ္းရည္တိုး/ စံေတာ္ခ်ိန္/ဓာတ္ပုံ- MFF

Unicode…မြန်မာအမျိုးသမီးဘောလုံးအသင်း အိုလံပစ်ခြေစစ်ပွဲ တတိယ အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်နေသည့် ၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲ တတိယအဆင့် တွင် အိမ်ရှင်တောင်ကိုရီးယားနှင့် ဗီယက်နမ်အသင်းတို့ကိုရှုံးနိမ့်ခဲ့ပြီး ခြေစစ်ပွဲတတိယအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၀ အမျိုးသမီးအိုလံပစ်ခြေစစ်ပွဲ အုပ်စု(က)တွင် မြန်မာအသင်း ဟာ တောင်ကိုရီးယား၊ ဗီယက်နမ် အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ပထမပွဲစဉ်တွင် အိမ်ရှင်တောင်ကိုရီးယားအသင်းကို (၇-ဝ)ဂိုးဖြင့် ဂိုးပြတ် အရေးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် ဒုတိယပွဲစဉ်တွင် အာဆီယံဒေသတွင်းပြိုင်ဘက် ဗီယက်နမ်အသင်းနှင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရေး အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲချိန် ၆၂ မိနစ်တွင် ဗီယက်နမ်ဘက်မှ သွင်းယူခဲ့သောဂိုးကို ပြန်လည်မချေပနိုင်ခြင်း ကြောင့် ပွဲအပြီးတွင် (၁-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါသည်။

အိုလံပစ်ခြေစစ်ပွဲ တတိယအဆင့်ကို အုပ်စု(က) နှင့် (ခ)ဟူ၍ အုပ်စုနှစ်စု ခွဲခြားထားပြီး အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယရသည့် အသင်းနှစ်သင်းစီသည် နောက်ဆုံးအဆင့် ခြေစစ်ပွဲသို့ တက်ရောက် မည်ဖြစ်ကာ မြန်မာအသင်းသည် ရှုံးနိမ့်ခဲ့သောကြောင့် နောက်ဆုံး ယှဉ်ပြိုင်ရမည့် လေးသင်းရှုံးထွက်အဆင့်ကို လွဲချော်ခဲ့ရပြီဖြစ်သည်။Source-သတင်း – စွမ်းရည်တိုး/ စံတော်ချိန်/ဓာတ်ပုံ- MFF

Add a Comment

Your email address will not be published. Required fields are marked *