ကျိုက်ထီးရိုးတောင်တက်ကားတိမ်းမှောက်မှု့ သတင်းအပြည့်အစုံ







Unicode…ကျိုက်ထီးရိုးတောင်တက်ကားတိမ်းမှောက်မှု သတင်းအပြည့်အစုံ

(ခရီးသည် (မ)တစ်ဦး ဘယ်ဒူးနည်းနည်းနာ စိုးရိမ်စရာမရှိပါ)6.3.2020 ရက်နေ့ ညနေ(5:55)အချိန်ခန့် ကျိုက်ထီးရိုးဘုရားဖူးတောင်တက်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ကျိုက်ထီးရိုးတောင်ပေါ်သို့ အတက်ကားမှာ ကားဂိတ်ရောက်ခါနီး တဖာလုံခန့်အလို မြေပြန့်လမ်းနေရာတွင် ယာဉ်မောင်းမှာ သွေးပေါင်ကျပြီး ငိုက်ခနဲဖြစ်သွားရာမှ လမ်းဘေး နံရံအား ကားမှဝင်တိုက်မှု ဖြစ်ပွားခဲ့ပါသည်။

ယာဉ်တိုက်မှုဖြစ်ပွားစဉ် ကားပေါ်ပါလာသော ဘုရားဖူးများမှ စိုးရိမ်လွန်ပြီး ကားတဖက်ခြမ်းထဲသို့ စုပြုံတိုးဝှေ့ဆင်းရာမှ ကားတခြမ်းထဲဝိတ်ပိပြီး တအိအိ လဲကျသွားခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ကားလဲကျပြီးပြီးချင်း ကားဂိတ်တွင်ရှိသော အထမ်းသမားများမှကားအား ချက်ချင်း ပြန်ထောင်ခဲ့ပါသည်။

ကားပေါ်တွင် ဘုရားဖူး အယောက်(၄၇)ခန့်ပါလာပြီး (၁၀)ယောက်ကျော်ခန့်မှာ ကေဘယ်ကားစီးရန် ကေဘယ်ဂိတ်တွင်ဆင်းနေခဲ့သဖြင့်အယောက်(၃၀)ခန့် ပါလာခဲ့ပါသည်။

ကားလဲကျသွားမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များအနက် မသူဇာဦး (၂၇)နှစ် (ဘ)ဦးကြည်သိန်း ပဲခူးတိုင်း ရွှေကျင်မြို့နယ် အောင်ချမ်းသာရပ် နေသူမှာ ဒူးအနည်းငယ် ထိခိုက်ခဲ့သဖြင့် တောင်တန်း မေတ္တာလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆေးရုံသို့ ပို့ဆောင်ပေး၍ တောင်ပေါ်သို့ ပြန်လည်ရောက်ရှိနေပြီး ဖြစ်ပါသည်။ ဘုရားဖူးခရီးသည် အားလုံးလည်း ဘုရားရင်ပြင်တော်ပေါ်တွင် အေးချမ်းစွာ ဘုရားဖူးအနားယူနေပြီး ဖြစ်ကြောင်း သိရှိရပါသည်။Crd…ဇင်မိုး (မော်လမြိုင်)

Add a Comment

Your email address will not be published. Required fields are marked *