ပုသိမ္ၿမိဳ႕ ေရၾကည္ဦးရပ္ကြက္ စန္းငံကုန္းရပ္တြင္ မီးေလာင္သျဖင့္ ဘုန္းေတာ္ၾကီးေက်ာင္းတစ္ေက်ာင္း ပ်က္စီးဆံုး႐ွံုးခဲ႕ဟုသိရ

ပုသိမ္ၿမိဳ႕ ေရၾကည္ဦးရပ္ကြက္ စန္းငံကုန္းရပ္တြင္ မီးေလာင္သျဖင့္ ဘုန္းေတာ္ၾကီးေက်ာင္းတစ္ေက်ာင္း ပ်က္စီးဆံုး႐ွံုးခဲ႕ဟုသိရ

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕၊ ေရၾကည္ဦးရပ္ကြက္၊ စန္းငံကုန္းရပ္႐ွိ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းတြင္ မတ္လ ၁၇ ရက္ည ၁ဝ နာရီ ၅ဝ မိနစ္ခန္႔အခ်ိန္က မီးေလာင္မႈျဖစ္ပြားခ့ဲေၾကာင္းသတင္းရ႐ွိသည္။

မီးေလာင္သည့္ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ဆရာေတာ္ ဦးေဇာတိက ေက်ာင္းထိုင္ေနသည့္ “သာသနာ့အားမာန္ ႐ွမ္းေက်ာင္း”ျဖစ္ၿပီး မီးေလာင္မႈေၾကာင့္ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းလံုး မီးေလာင္ပ်က္စီးခ့ဲေၾကာင္း သိရသည္။

“မီးေလာင္တ့ဲ ဘုန္းႀကီးေက်ာင္းအမည္က ႐ွမ္းေက်ာင္းျဖစ္ပါတယ္ ။ မီးေလာင္လို႔ ဘုန္းႀကီးေက်ာင္းတစ္ခုလံုး ကုန္သြားတယ္။မီးေလာင္လို႔ လူေသေၾက၊ ဒဏ္ရာရတာမ်ိဴးေတာ့ မေတြ႔ရဘူး”ဟု မီးေလာင္ျပင္သို႔ ေရာက္႐ွိခ့ဲသူ ပုသိမ္ၿမိဳ႕ခံ ဦးဆန္းျမင့္က ေျပာသည္။

မီးေလာင္မႈမွာ ည ၁ဝ နာရီ ၅ဝ မိနစ္ခန္႔က စတင္ခ့ဲၿပီး ပုသိမ္ၿမိဳ႕ နယ္ မီးသတ္တပ္ဖြဲ႔မွ မီးသတ္ကား ၅ စီးျဖင့္ လာေရာက္ျငႇိမ္းသတ္ခ့ဲသလို ေဒသခံျပည္သူမ်ား၏ ဝိုင္းဝန္းကူညီၿငိွမ္းသတ္မႈေၾကာင့္ ည ၁၁ နာရီ ၃ဝ မိနစ္အခ်ိန္ခန္႔တြင္ မီးၿငိမ္းသြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။Source;ဧရာဝတီတိုင္းမ္

Unicode…ပုသိမ်မြို့ ရေကြည်ဦးရပ်ကွက် စန်းငံကုန်းရပ်တွင် မီးလောင်သဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပျက်စီးဆုံးရှုံးခဲ့ဟုသိရ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရေကြည်ဦးရပ်ကွက်၊ စန်းငံကုန်းရပ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် မတ်လ ၁၇ ရက်ည ၁ဝ နာရီ ၅ဝ မိနစ်ခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မီးလောင်သည့် ဘုန်းတော်ကြီးကျောင်းမှာ ဆရာတော် ဦးဇောတိက ကျောင်းထိုင်နေသည့် “သာသနာ့အားမာန် ရှမ်းကျောင်း”ဖြစ်ပြီး မီးလောင်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“မီးလောင်တဲ့ ဘုန်းကြီးကျောင်းအမည်က ရှမ်းကျောင်းဖြစ်ပါတယ် ။ မီးလောင်လို့ ဘုန်းကြီးကျောင်းတစ်ခုလုံး ကုန်သွားတယ်။မီးလောင်လို့ လူသေကြေ၊ ဒဏ်ရာရတာမျိူးတော့ မတွေ့ရဘူး”ဟု မီးလောင်ပြင်သို့ ရောက်ရှိခဲ့သူ ပုသိမ်မြို့ခံ ဦးဆန်းမြင့်က ပြောသည်။

မီးလောင်မှုမှာ ည ၁ဝ နာရီ ၅ဝ မိနစ်ခန့်က စတင်ခဲ့ပြီး ပုသိမ်မြို့ နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၅ စီးဖြင့် လာရောက်ငြှိမ်းသတ်ခဲ့သလို ဒေသခံပြည်သူများ၏ ဝိုင်းဝန်းကူညီငြှိမ်းသတ်မှုကြောင့် ည ၁၁ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း ဒေသခံများက ပြောသည်။Source;ဧရာဝတီတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *