ပြည်ဆေးရုံကြီးတွင် ကုသလျှက်ရှိသော COVID-19 ရောဂါကူးစက်ခံရသူ လူနာအမှတ် ၁၇ သေဆုံး
Unicode…ပြည်ဆေးရုံကြီးတွင် ကုသလျှက်ရှိသော Covid – 19 ရောဂါကူးစက်ခံရသူ လူနာအမှတ် ၁၇ သေဆုံး
Covid – 19 ကူးစက်ခံရသူ ပေါက်ခေါင်းမြို့နယ် (ဒုတိယ) အုပ်ချုပ်ရေးမှုးသည် (၂.၄.၂၀၂၀) မှစ၍ ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံးကြီးကုတင် ၅၀၀ ၌ ကူသမှုခံယူခဲ့ရာ (၈.၄.၂၀၂၀) နံနက် (၃) နာရီဝန်းကျင်ခန့်က သေဆုံးခဲ့ကြောင်း သိရသည်။
သူ့ရဲ့ကျန်းမာရေးအခြေအနေ ဆိုးလာလို့ အထူးကြပ်မတ်ခန်း ( ICU ) မှာ ဧပြီလ ၇ ရက်နေ့က ထားပြီးကုသပေးနေတာပါ။ သူဟာ သွေးအန်ခဲ့ပြီး အသက်ရှူကူညီကရိယာ ထည့်မရတော့ ပဲ သေဆုံးခဲ့တာဖြစ်လို့လည်း သိရပါတယ်။
သူဟာ SOS ဆေးခန်း က ကျန်းမာရေးဝန်ထမ်းဖြစ်သူ လူနာ နံပါတ် ၁၅ရဲ့ ခင်ပွန်းဖြစ်ပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ Covid19 ရောဂါ ပိုးတွေ့ရှိအတည်ပြူလူနာ (၂၂) ဦး ရှိပီး (၂) ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
အဆိုပါ သေဆုံးသူအား မည်သို့ သဂြိုလ်မည်ကို ပြည်ထောင်စုအဆင့် ညွှန်ကြားချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။Source-DVB
Add a Comment
Your email address will not be published. Required fields are marked *