လူနာအမွတ္ (၁၆၁) သည္ Quaratine ရက္ျပည့္၍ ျပန္စစ္ေဆး ရာမွ ပိုးေတြ႕ ရွိျခင္းျဖစ္ … သံသယလူနာအျဖစ္ ကုသမႈခံယူခဲ့စဥ္ စစ္ေဆးခ်က္ အေျဖ Negative ထြက္ထားဟုဆို

လူနာအမွတ္ (၁၆၁) သည္ Quaratine ရက္ျပည့္၍ ျပန္စစ္ေဆးရာမွ ပိုးေတြ႕ရွိျခင္းျဖစ္ … သံသယလူနာအျဖစ္ ကုသမႈခံယူခဲ့စဥ္ စစ္ေဆးခ်က္ အေျဖ Negative ထြက္ထားဟုဆို

ကိုဗစ္ -၁၉ ဓာတ္ခြဲအတည္ျပဳ လူနာအမွတ္- ၁၆၁ (အသက္ ၆၂ ႏွစ္အ႐ြယ္) အမ်ိဳးသားသည္ Quaratine ရက္ျပည့္၍ ျပန္စစ္ေဆးရာမွ ပိုးေတြ႕ရွိျခင္း ျဖစ္ေၾကာင္း အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က စံေတာ္ခ်ိန္သို႔ အတည္ျပဳ ေျပာၾကားသည္။

အဆိုပါလူနာသည္ ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံတစ္ခုတြင္သံသယလူနာအျဖစ္ တက္ေရာက္ကုသမႈ ခံယူခဲ့ဖူးသူျဖစ္ၿပီး စစ္ေဆးခ်က္အေျဖ Negative ထြက္ၿပီးသား လူနာျဖစ္ေၾကာင္း ၎ကဆိုသည္။

“ Quaratine ဝင္ေနတုန္း ရက္ျပည့္ခါနီးမွာ ျပန္စစ္လိုက္ေတာ့ positive ေတြ႕ရတာျဖစ္ပါတယ္။ သူရဲ႕ ကူးစက္ခံရမႈ အေသးစိတ္ကိုေတာ့ စုံစမ္းေနဆဲ ျဖစ္ပါတယ္။ Quaratine ဝင္ေနတာက ဆရာေတာ္ ရေဝႏြယ္ (အင္းမ) ေက်ာင္းမွာလို႔ေတာ့ အၾကမ္းဖ်င္းသိထားပါတယ္”ဟု ဦးေဝၿဖိဳးဟန္က ဆိုသည္။

အဆိုပါအမ်ိဳးသားသည္ ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္တြင္ ေနထိုင္သူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။ ၄.၅.၂၀၂၀ ည ၈ နာရီတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ အင္းစိန္ၿမိဳ႕နယ္မွ လူနာအမွတ္ ၁၅၇ ႏွင့္ လူနာအမွတ္ ၁၆၁ တို႔ ႏွစ္ဦးတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိေၾကာင္း ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။ အဆိုပါ လူနာ(၂)ဦး အပါအဝင္ အင္းစိန္ၿမိဳနယ္တြင္ ကိုဗစ္ -၁၉ ေရာဂါပိုးေတြ႕ရွိသူ စုစုေပါင္း(၂၉)ဦးရွိၿပီျဖစ္သည္။Source ; စံေတာ္ခ်ိန္

Unicode … လူနာအမှတ် (၁၆၁) သည် Quaratine ရက်ပြည့်၍ ပြန်စစ်ဆေးရာမှ ပိုးတွေ့ရှိခြင်းဖြစ် … သံသယလူနာအဖြစ် ကုသမှုခံယူခဲ့စဉ် စစ်ဆေးချက် အဖြေ Negative ထွက်ထားဟုဆို

ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြု လူနာအမှတ်- ၁၆၁ (အသက် ၆၂ နှစ်အရွယ်) အမျိုးသားသည် Quaratine ရက်ပြည့်၍ ပြန်စစ်ဆေးရာမှ ပိုးတွေ့ရှိခြင်း ဖြစ်ကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က စံတော်ချိန်သို့ အတည်ပြု ပြောကြားသည်။

အဆိုပါလူနာသည် ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံတစ်ခုတွင်သံသယလူနာအဖြစ် တက်ရောက်ကုသမှု ခံယူခဲ့ဖူးသူဖြစ်ပြီး စစ်ဆေးချက်အဖြေ Negative ထွက်ပြီးသား လူနာဖြစ်ကြောင်း ၎င်းကဆိုသည်။

“ Quaratine ဝင်နေတုန်း ရက်ပြည့်ခါနီးမှာ ပြန်စစ်လိုက်တော့ positive တွေ့ရတာဖြစ်ပါတယ်။ သူရဲ့ ကူးစက်ခံရမှု အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ Quaratine ဝင်နေတာက ဆရာတော် ရဝေနွယ် (အင်းမ) ကျောင်းမှာလို့တော့ အကြမ်းဖျင်းသိထားပါတယ်”ဟု ဦးဝေဖြိုးဟန်က ဆိုသည်။

အဆိုပါအမျိုးသားသည် ကြို့ကုန်းအနောက်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။ ၄.၅.၂၀၂၀ ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အင်းစိန်မြို့နယ်မှ လူနာအမှတ် ၁၅၇ နှင့် လူနာအမှတ် ၁၆၁ တို့ နှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လူနာ(၂)ဦး အပါအဝင် အင်းစိန်မြိုနယ်တွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၂၉)ဦးရှိပြီဖြစ်သည်။Source ; စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *