Unicode … ခြေထောက်နှစ်ဖက်လုံး မိုင်းထိထားတဲ့ စစ်မှုထမ်းဟောင်းတစ်ဦးကို အိမ်တိုင်ရာရောက် သွားရောက်ကူညီပေးခဲ့တဲ့ ယုန်လေး
ယုန်လေးကတော့ စိတ်ရင်းကောင်းပြီး သူတစ်ပါးကို အနစ်နာခံ ကူညီပေးတတ်သူတစ်ယောက်မို့လို့ အနုပညာအသိုင်းအဝိုင်းမှာသာမက ပရိသတ်တွေကြားမှာပါ နာမည်ကောင်းနဲ့ ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။
ယုန်လေးက ငယ်ငယ်ကတည်းက မပြည့်မစုံ နေခဲ့ရသူတစ်ယောက် ဖြစ်တာကြောင့် အနုပညာအလုပ်တွေနဲ့ နာမည်ကြီး လာချိန်မှာသူတတ်နိုင် သလောက် အင်အားနဲ့ ချို့တဲ့သူများကို ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ယုန်လေးကို ပြန်လည်ပြီး မေတ္တာ စေတနာထားသူ တွေလည်း အများအပြား ရှိနေတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာလည်း ယုန်လေးက မိုင်းထိထားတဲ့ စစ်မှုထမ်းဟောင်းတစ် ယောက်ကို ကူညီပေးခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ယုန်လေးက ခြေထောက်နှစ်ဖက်လုံး မိုင်းထိထားတဲ့ စစ်မှုထမ်းဟောင်းအတွက် ဝှီးချဲနဲ့ သုံးစွဲရန် အလှူငွေ (၂) သိန်း တိတိကို စေတနာရှင် အလှူရှင်တွေနဲ့ ပေါင်းပြီး အိမ်တိုင်ရာ ရောက် သွားရောက်လှူဒါန်း ခဲ့တာပဲ ဖြစ်ပါတယ်။
ယုန်လေးကတော့ အမှန်တကယ် လိုအပ်နေသူတွေကို ထိထိရောက်ရောက် လှူဒါန်းပေးရင်း ကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယုန်လေးနဲ့ အလှူရှင်တွေရဲ့ ကောင်းမှုကို ဝမ်းမြောက်စွာ သာဓု ခေါ်ပေးကြပါဦးနော်။ Source: Yone Lay’s fb
Add a Comment
Your email address will not be published. Required fields are marked *