မိုးထဲလေထဲမှာ ကျောက်ကပ်ဝေဒနာရှင် ကရင်တိုင်းရင်းသူလေးရဲ့အသက်ကို ရဟတ်ယာဉ်ဖြင့် သွားရောက်ကယ်တင်ပေးခဲ့တဲ့ ထိုင်းတပ်မတော်သားများရဲ့ လေးစားဖွယ်ရာအပြုအမူ

မိုးထဲလေထဲမှာ ကျောက်ကပ်ဝေဒနာရှင် ကရင်တိုင်းရင်းသူလေးရဲ့အသက်ကို ရဟတ်ယာဉ်ဖြင့် သွားရောက်ကယ်တင်ပေးခဲ့တဲ့ ထိုင်းတပ်မတော်သားများရဲ့ လေးစားဖွယ်ရာအပြုအမူ

ကရင်ပြည်နယ်နှင့်သောင်းရင်းမြစ်ခြားထားတဲ့ တခ်ခရိုင်မှ ၈၄ ကီလိုမီတာ သာဝေးကွာတဲ့ ထာ့ဆောင်ယန်းမြို့ ( တာဆောင်ယန်း ) ကလေးဟာ လူဦးရေ ၉.၂ သောင်းသာရှိပြီး ဝေးလံခေါင်ဖျားတဲ့တောင်ပေါ် မြေပြန့်မြို့လေးတစ်မြို့ဖြစ်ပါတယ် ။

ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ မြို့ကလေးဖြစ်ပါတယ် ။ အဝေးပြေး လမ်းမကြီးကတော့ အထူးပြောစရာမလိုပါ ၊ မဲဆောက်မြို့နဲ့ ၂၀၆.၉ ကီလိုမီတာ ကွာဝေးပါတယ် ၊ ။

မေလ ၂၈ ရက်နေ့က အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေး Suriporn ဟာ ကျောက်ကပ်ဝေဒနာကို ပြင်းထန်စွာခံစားနေရပြီး ရုတ်တရက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာကြောင့် အ ရေးပေါ် နီးစပ်ရာဆေးရုံကြီးမှာ Treatment ယူရမှာမို့ မပြည့်စုံတဲ့သူတို့မြို့က ဆရာဝန်တွေကနေတဆင့် သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးတွေရဲ့ သတင်းပို့ချက်အရ ထိုင်းအမှတ် ( ၃ ) စစ်တိုင်းဌာနချုပ်လက်အောက်ခံ ” နရဆွန် ” လေတပ်စခန်းမှ Bell 212 နဲ့ Sky Doctor Medical Team အဖွဲ့တွေပူးပေါင်းလို့ အသက်ရှူကရိယာ စက်ပစ္စည်းအပြည့်အစုံနဲ့ သွားရောက်ကယ်တင်ဘို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။

ဖြစ်ချင်တော့ ထို့နေ့ရဲ့ ရာသီဥတုသည် ( Weather ) မိုးတွေသည်းသည်းရွာနေသည် ၊ ဒါပေမယ့်သူတို့ရဲ့ ရည်မှန်းချက်က ဒီကလေးရဲ့ အသက်ရှင်သန်ရေးကအဓိက ၊ အမြန်ဆုံးဆေးရုံကြီးကိုရောက်ဘို့က အဓိကတာဝန်ကြီးဖြစ်နေသည် ၊ ဒါ့ကြောင့် ဆေးရုံရဲ့ကွင်းထဲကို ချက်ချင်းဆင်းသက်ပြီး မိုးထဲလေထဲမှာ လူနာကိုလိုအပ်တဲ့အရေးပေါ် အသက်ရှူကရိယာတွေတပ်ဆင်ပြီး ဖိစနုလို့မြို့က ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးနိုင်ခဲ့ကြတယ် ။

ရဟတ်ယာဉ်ဘေးမှာ မိုးရွာထဲစိုရွှဲလို့ ကရင်လုံချည်ထမီလေးဝတ်ပြီးမတ်တပ်ရပ်၍စောင့်နေသူသည် ကျောင်းသူလေးရဲ့ မိခင်များဖြစ်နေမလားဘဲ ၊ မိခင်တစ်ယောက်ရဲ့ရင်ထဲကို ဝင်ကြည့်မိတယ် သူရဲ့ရင်သွေးအတွက် သောကအပူမီးနဲ့အတူ ယခုလို အခမဲ့လာရောက်ကူညီပေးတဲ့ ရဟတ်ယာဉ်ကြီးနဲ့ ဆေးအဖွဲ့တွေကိုရော အစိုးရကိုပါ ဘယ်လောက်ကျေးဇူးတွေ တင်နေမလဲလို့ပါ ၊ မိုးနဲ့အတူ ပရိဒေဝမီးတွေ တစ်ဝက်လောက် ငြိမ်းသွားမယ်လိမ့်မယ်လို့ ထင်ပါတယ်..

ဖိစနုလို့မြို့ကိုရောက်တော့ ရာသီဥတုသည် ချက်ချင်းဘဲ ပြောင်းလဲသွားလို့ ကောင်းကင်ကြီးတစ်ခုလုံးဟာ သာသာယာယာနဲ့ ကြည်လင်တောက်ပလို့နေပါတော့သည်..

ဒါ့ကြောင့် နေရာတိုင်းမှာ တစ်တိုင်းပြည်လုံးငြိမ်းချမ်းသာယာနေမှတော့ ပြည်သူ့အတွက် နေရာဒေသမရွေး အချိန်မရွေးအန္တရာယ်ကင်းကင်းနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်းသည်လည်း ငြိမ်းချမ်းရေးကြောင့်ဆိုတာကိုတော့ ငြင်းပယ်လို့မရဘူးဆိုတာပါဘဲ..

ကျွန်တော်မဲ့ဆောက်မြို့ကို ထိုင်းမြောက်ပိုင်းကနေ ကိုယ်တိုင်ကားမောင်းသွားရင် သောင်းရင်းမြစ်ဘေးအတိုင်း မောင်းရတာကိုပို၍နှစ်သက်မိပါတယ် ၊ လမ်းကြုံရင် ” သူမွဲထ ” ( ထာ့ဆွပ်မွေ ) ကိုဝင်လည်ဖြစ်သလို ” မဲလ ” ဒုက္ခသည်စခန်းကြီးနား ရောက်ရင်အစားအသောက်နဲ့မုန့်တွေ ၊ စာရေးကရိယာစာအုပ်တွေ ဝင်လှူလေ့ရှိပါတယ် ၊ နယ်စပ်လမ်းတစ်လျှောက် ဘာဖြစ်လို့လမ်းတွေကိုကောင်းအောင် ဖောက်ထားတာလဲလို့ ထိုင်းတပ်က မိတ်ဆွေဗိုလ်မှူးတစ်ယောက်ကို မေးကြည့်ဖူးပါတယ်..

ယခင်က ကရင်ပြည်နယ်တစ်လျှောက် မငြိမ်းချမ်းခင်ကာလက တိုက်ပွဲတွေဖြစ်လို့ လက်နက်ကြီးတွေကျော်ကျတာတွေရှိခဲ့ရင် ထိုင်းကခြေမြန်တပ်တွေ ၊ ခြေလျင်တပ်တွေ ၊ သံချပ်ကာ ယန္တယားတပ်တွေ အချိန်တိုတိုအတွင်း သူ့ပြည်သူတွေကို ကယ်ထုတ်နိုင်ဘို့ နယ်စပ်စည်းတွေကို ခြေကုတ်ရယူနိုင်ဘို့အတွက် BP -1 ( ပုံပါကျင် ) ကနေစလို့ BP-16 ( တောင်လှ ) အထိအတတ်နိုင်ဆုံး ကျေးရွာတွေကို ဖြတ်သန်းတဲ့ကားလမ်းတွေ မှန်သမျှဖြူးနေအောင်ဖောက်ထားတာလည်း ကိုယ်တောင်ရောက်ခဲ့၍ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည် ။ Photo Credit : vibhavadi / Crd : SiThu Maung

Add a Comment

Your email address will not be published. Required fields are marked *