ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တဲ့ မယ်လိုဒီ

ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တဲ့ မယ်လိုဒီ

ပရိသတ်ကြီးရေ ချစ်စရာသားလေး သိဒ္ဓိစစ်ကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ အားလုံးကထင်ခဲ့ကြပေမယ့် သူမရဲ့တကယ့်ဘဝအမှန်ကို ပရိသတ်တွေကို ဖွင့်ချပြလိုက်ပါပြီ ။

ဘဝရဲ့အပြောင်းအလဲအတွက် အကြိမ်ကြိမ်စဉ်းစား ပြီးမှသေချာတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာလို့လည်း မယ်လိုဒီက ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ သူမဘဝကို အားကျတယ်လို့ ပြောခဲ့တဲ့သူတွေကိုလည်း အိမ်မှာ ကျွန်မနေရာမှာ တပတ်လောက် နေကြည့်ပါလို့ ရေးသားထား ပါသေးတယ် ။

ခုချိန်မှာ သားရဲ့အနာဂတ်အတွက် ပညာအမွေ ဥစ္စာအမွေ ပေးနိုင်တဲ့ အမေ ဖြစ်ဖို့ဘဲ ကြိုးစားပါတယ် ။ ဘဝလမ်းမှာ တစ်ယောက်တည်းပြေးရတာ ပိုအဆင်ပြေပါတယ် ။ နှစ်ယောက်ဆို ကျွန်မ ကျောမပိုးနိုင်ဘူးလေ ။ သိက္ခာအရ ပတ်ဝန်းကျင်အနေအထားရ ကျောပိုးနိုင်လဲ ၅ နှစ်ပေါ့ ။ တသက်လုံး ပင်ပင်ပမ်းပမ်းရှာထားသမျှ ၅နှစ်ကျော်အတွင်း သဲထဲရေသွန်သလို ခြေထောက်ကိုဒူးဆစ်က ဖြတ်ချိုးလိုက်သလို ဘဝက လူမသေ စိတ်တွေ အကြိမ်ကြိမ်သေခဲ့ရတာပါ ။

လိမ်ခြင်းကိုမုန်းတယ် မလိမ်ပါနဲ့လို့ ပြောခဲ့တဲ့သူလိမ်တာကို ကြောက်ပါတယ်လို့ပြောမိလို့လား မသိ အကြိမ်ကြိမ်အလိမ်ခံရတယ် ရိုးရှင်းပါတယ် ကိုယ့်ဘဝကိုကြောင်း ကိုယ့်ထမင်းကိုယ်ရှာစားပြီး အိမ်ခြေမဲ့ အနေအထားပျက် အကြိမ်ကြိမ် အလိမ်ခံရတာတောင် ၅ နှစ်ကျော် အပြုံးမပျက် တည်ငြိမ်သူ မေမေမျိုး အဖြစ် ဘဝရဲ့ဇာတ်ခုံမှာ ကိုယ့်စရိတ် ကိုယ်စား ကံကောင်းသောသူလား တိတ်တဆိတ် နေခဲ့တာပါ ။

ပိုက်ဆံလေး နည်းနည်းရလဲ မဆိုးပါဘူးဆိုပြီး အတင်းလိုက်ပက်သတ်နေတဲ့ မိန်းမစားထဲမှာလဲ ကျွန်မ မပါဘူး။ အမ်းပြီး ချစ်ရတာ မရှက်ပါဘူး ။ ချူပြီး မှီပြီး လိမ်စားနေတာမှမဟုတ်တာ ငါးစိမ်းမြင်ငါးကင်ပစ်တာမဟုတ်ပါဘူး။ ငါးမြင်တာနဲ့တင် အမ်းရတော့မှာပါလားဆိုပြီးကြောက်နေပါပြီ ။ ကြိုးစားစုပြီး အမ်းနိုင်တဲ့နေ့ သူငယ်ထောင်ဦးမှာပါ။ ချစ်သာသူများ အကုသိုလ်အတွေး အရေး အကြား ကင်းစေဖို့ တိတ်တဆိတ်နေနေခဲ့တာပါ ။

ရိုးသားတာလေးကိုတပ်မက်ခဲ့တာလေ ရိုးသားတာလေး မရှိတဲ့နေ့ bye bye ဘဲလို့ အစကတည်းကအကြိမ်ကြိမ်သတိပေးခဲ့တာဘဲ ကိုယ့်ဘဝမှာဖြူစင်ခြင်းအားနည်းခဲ့လို့ တကူးတကဖြူတာရှာထားပါတယ်ဆိုမှ လိမ်ခြင်းကရင်ဝကို စုံကန်တော့တာဘဲ လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

ဒီနေ့မှာတော့ သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာကနေတဆင့် တစ်ယောက်ထဲ ပြန်ဖြစ်သွားပြီ ဆိုတဲ့အကြောင်းကို တရားဝင်ပြောပြလာခဲ့တာဖြစ်ပါတယ် ။ ၆ နှစ်ကျော် ကြိုးစားခဲ့လို့ သိပ်ချောတဲ့သားလေးတစ်ယောက်တော့ ဘုရားက ဆုလက်ဆောင်အဖြစ် ပေးလိုက် သ လို ဆုံးရှုံးမူတွေများပေမယ့် မိတ်ဆွေ အဖြစ်တော့ တည်ရှိနေသေးတယ်လို့ သိရပါတယ် ။

ဖောက်ပြန်တာမျိုး မဟုတ်သလို ဖောက်ပြန်ရင်တောင် နားလည်ပေးနိုင်တယ် တယောက်နဲ့တယောက် သည်းခံနိုင်တဲ့ အကြောင်း တရားခြင်း မတူဘူးလို့လည်း သူမတို့ရဲ့ ဆက်ဆံရေး အခြေနေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပဲ ဖြစ်ပါတယ် ။ Source : Melody Myo

Add a Comment

Your email address will not be published. Required fields are marked *