တရုတ်အစိုးရကို ဝူဟန့်မြို့သား တစ်ယောက်က COVID-19 သတင်းထိန်ချန်မှုနဲ့ တရားစွဲဆို

တရုတ်အစိုးရကို ဝူဟန့်မြို့သား တစ်ယောက်က COVID-19 သတင်းထိန်ချန်မှုနဲ့ တရားစွဲဆို

January လလယ်တုန်းက Zhang Hai ဆိုတဲ့သူဟာ ဝူဟန်မြို့က ဆေးရုံမှာ သူ့အဖေကို သွားတွေ့တုန်းက အင်မတန်ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါ ဖြစ်နေတယ်ဆိုတာ မသိခဲ့ပါဘူး။

တရုတ် အာဏာပိုင်တွေဟာ ဒီကိုရိုနာဗိုင်းရပိစ်ဟာ ကူးစက်လွယ်ပြီး လူတွေသေနိုင်တယ်ဆိုတာ တနေ့တခြား သိသာထင်ရှားလာနေသော်လည်း ဘာသတိပေးမှုမှ အသေအချာ မလုပ်ခဲ့ပါဘူး။ထို့အပြင် ကမ္ဘာကိုလည်း အသိမပေးပဲကြိတ်ပြီး ဖြေရှင်းဖို့ ကြိုးစားနေခဲ့ပါတယ်။

အဲ့ဒီ အာဏာပိုင်တွေ သတင်းထိန်ချန်ထားခဲ့တဲ့ အချိန်လေးဟာ တရုတ်ပြည် ဝူဟန်က ပြည်သူတွေအတွက်ရော တကမ္ဘာလုံးအတွက်ပါ အကြီးအကျယ် ထိခိုက်နစ်နာ စေခဲ့ပါတယ်။

ဆရာဝန်တွေကို ရဲတွေက ပါးစပ်ပိတ်ဖို့ ကြိုးစားခဲ့တယ်။ ဆေးရုံတွေမှာ PPE အသေအချာမရခဲ့လို့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်ခံခဲ့ရပါတယ်။ ပြည်သူလူထုအပေါ် ကူးစက်ရောဂါသတင်း ထိန်ချန်ထားမှုသည် လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ပြစ်မှုမျိုး ကျူးလွန်တာနဲ့ တူပါတယ်။

အခု တရုတ်ပြည်သား Mr Zhang Hai ဟာ သူ့ရဲ့အဖေ အသက် 76 နှစ်ရှိ တပ်မတော်သားဟောင်းကြီး Zhang Lifa သေဆုံးမှုနဲ့ တရုတ်အာဏာပိုင်တွေကို တရားစွဲဆိုထားပါတယ်။ ပြီးခဲ့တဲ့အပတ် ဗုဒွဟူးနေ့က Mr Zhang တရားစွဲဖို့ ကြိုးစားခဲ့တာဟာ တရုတ်ပြည်တွင်းမှာ ပထမဆုံး case ဖြစ်တယ်လို့ ဆိုပါတယ်။

သူတောင်းဆိုထားတဲ့ လျှော်ကြေးကတော့ ယွမ် 2 သန်း ( မြန်မာ ငွေ သိန်း 4000 ) နီးနီးလောက် ရှိပါမယ်။ သူတောင်းတဲ့ လျှော်ကြေးက သူ့အဖေရဲ့ ဆေးကုသစားရိတ်တွေ၊ အသုဘ စားရိတ်တွေ၊ သူ့အဖေသာ အသက်ရှင်ခဲ့ရင် ရမယ့်ပင်စင်ခံစားခွင့်နဲ့ မိသားစုရဲ့ ထိခိုက် နစ်နာခဲ့မှုတွေ ပါပါတယ်။

အသက် 50 အရွယ်ရှိ Mr Zhang ရဲ့အပြောအရ အကယ်၍သာ အာဏာပိုင်တွေက ဖုံးဖိထားတာတွေ မလုပ်ခဲ့ရင် သူ့အဖေသေရမှာ မဟုတ်ဘူးတဲ့။ အဲ့ဒီလိုပဲ လူပေါင်းများစွာ အကြောင်းမဲ့သေရမှာ မဟုတ်ဘူးတဲ့။ ဒါဟာ လူသတ်မှု ကျူးလွန်တာနဲ့ အတူ တူပါပဲတဲ့။

အခုအချိန်မှာ အိန္ဒိယ၊ အမေရိကန်နဲ့ နိုင်ဂျီးရီးယားက လူတွေကလည်း တရုတ်အာဏာပိုင်တွေကို တရားစွဲထားတယ် လို့ဆိုပါတယ်။ ခံခဲ့ရတဲ့ လူအတော်များများက တရုတ်အစိုးရကို မကျေနပ်ပေမယ့် ဘာမှမပြောရဲကြပါဘူး။ Mr Zhang ကတော့ ရဲရဲတင်းတင်းပဲ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

သူဘယ်တရားရုံးမှာ တရားစွဲတာလဲ အသေအချာ မသိရသေးပါ။သူ့ရဲ့ရှေ့နေက တရုတ်ပြည်က ထွက်ပြေးသွားတဲ့ ရှေ့နေမို့ ပြည်ပက တရားရုံးတစ်ခုခုမှာ တရားစွဲတာလည်း ဖြစ်နိုင်ပါတယ်။ တရုတ်ပြည်မှာ ဒီလိုအစိုးရကို ပြန်တရားစွဲတာဟာ ကျားမြီးဆွဲတာထက် အခြေအနေ ဆိုးနိုင်ပါတယ်။

Mr Zhang ရဲ့ ဆိုရှယ်မီဒီယာက post တွေကို ရဲကဖျက်ပစ်သလို သူ့ကိုစောင့်ကြည့်နေပါတယ်။ Mr Zhang ရဲ့ ဖခင်ကိုဆုံးရှုံးရလို့ ဒေါသဖြစ်ဖြစ်နဲ့ပြောပြခဲ့ပုံက… ” အကယ်၍ ငါတို့က တစ်ခုခုသာပြောကြည့်။ ငါတို့ကို “သူခိုးဓားရိုးကမ်းသူတွေ” (handing a knife to anti-China agents) လို့ပြောတယ်။”

” တကယ်တော့ သူတို့တွေကသာ ဓားမိုးပြီးငါတို့ကို ဓားနဲ့ထိုးနေတာပါတဲ့ ” ” ဒါကြောင့် ငါဘာလို့ ထုတ်မပြော ရမှာလဲတဲ့။ ” မေလတုန်းက သူ့အဖေနဲ့ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ် Memorial လုပ်ဖို့ကြိုးစားခဲ့တာလည်း အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။ သူ့ရဲ့ရှေ့နေ Yang Zhaqing ရဲ့အဆိုအရ ရဲတွေဟာ Mr Zhang ကို ဘယ်နေ့ လာကုပ်သွားမလဲ စိုးရိမ်နေရ ပါတယ်တဲ့။

တရားစွဲပြီး နောက်နေ့မှာ သူက Mr Zhang ဆီ မက်ဆေ့တွေပို့တာကို Mr Zhang က 2 နာရီ လောက်ကြာတဲ့အထိ အကြောင်းမပြန်ခဲ့လို့ သူက Mr Zhang ကို ရဲတွေလာကုပ်သွားပြီလို့တောင် ထင်နေခဲ့တာပါတဲ့။

ဘာပဲဖြစ်ဖြစ်လောလောဆယ်မှာ တရုတ်ပြည်က လုပ်ခဲ့တာလာမှမမှားပါဘူးလို့ တွင်တွင်အော်နေတဲ့ တရုတ်ကွန်မြူနစ်အာဏာပိုင်တွေအတွက် Mr Zhang ဟာ Xi Jinping ရဲ့ဖိနပ်ထဲဝင်နေတဲ့ ခဲတစ်လုံးဖြစ်နေမှာ ကျိန်းသေပါကြောင်း။ Source ; Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *