BGFအကြီးအကဲတွေနဲ့ ပျော်ရွှင်စွာ ညစာစားပွဲ ကျင်ပခဲ့တဲ့ မြင့်မြတ်နဲ့ Kညီ

BGFအကြီးအကဲတွေနဲ့ ပျော်ရွှင်စွာ ညစာစားပွဲ ကျင်ပခဲ့တဲ့ မြင့်မြတ်နဲ့ Kညီ

အကြမ်းဖက်စစ်တပ်နှင့် BGFတို့ ကရင်တွင်ထိုးစစ်ဆင်၍ ပြည်သူများထွက်ပြေးနေရချိန်တွင် မင်းသားမြင့်မြတ်က BGFအရာရှိများနှင့် ပျော်ရွှင်စွာ ညစာစားပွဲပြုလုပ်

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တို့က ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်နေ၍ ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေး ဒုက္ခတွေ့နေ ချိန်တွင် နာမည်ကြီး သရုပ်ဆောင် မင်းသားမြင့်မြတ်က BGF အရာရှိများနှင့် ညစားစားပွဲကို ပျော်ရွှင်စွာ ပြုလုပ်နေသကို တွေ့ရသည်။

BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှူးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို ယနေ့(မတ်လ၁၁ရက် ) ညတွင် လူမှုကွန်ရက်၌ တင်ထားသည်။ နယ်ခြားစောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက် စစ်ကောင်စီတပ် သြဇာခံသော အဖွဲ့များဖြစ်သည်။

ကရင်ပြည်နယ်တွင် KNU လက်အောက်ခံ KNLA တပ်နှင့် PDF များကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းတိုက်ခိုက်နေသော တပ်များဖြစ်သည် ။ Fac ebook လူမှုကွန်ရက်ကို မြစ်သံလွင် အမည်ဖြင့် အသုံးပြုနေသည့် နိုင်မောင်ဇော်က မြင့်မြတ် ၊ Kညီတို့နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ကာ ” Dinner အတွက်ကျေးဇူးပါ ညီလေး ” ဟု ယနေ့ညတွင် ရေးသားထားသည် ။

ညစာစားပွဲတွင် ဟင်းအမယ်စုံနှင့် အကြမ်းဖက် စစ်တပ်ထုတ် မြန်မာဘီယာပုလင်းများနှင့် အတူ ပြုံးရွှင့်ကြစားသောက် နေကြသည်ကို တွေ့ရသည် ။ ထိုအပြင်အဆိုပါ ညစာစားပွဲတွင် မော်တော်ဆိုင်ကယ်နှင့် ကားများတင်သွင်း ရောင်းချနေသော Easy Rider Moterbike ကုမ္ပဏီနှင့် Naga Lady Auto Mobile ပိုင်ရှင် တင်ကျော်နန္ဒ လည်းပါဝင်သည်ကိုတွေ့ရသည်။

Easy Rider သည် မြန်မာ-ထိုင်း နယ်စပ် မှတစ်ဆင့် စစ်ကောင်စီနှင့် BGF များကို ဆက်ကြေးပေးကာ ဆိုင်ကယ်တင်သွင်းနေသော လုပ်ငန်းဖြစ်ကြောင်း နယ်စပ်မှလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် BGFကကရင်ပြည်နယ် လေးကေးကော်မြို့သစ်နှင့် ကော့ကရိတ်မြို့နယ်အတွင်း ယခုရက်ပိုင်း ကျူးကျော်ထိုးစစ်ဆင်နေ၍ KNUနှင့် ပြည်သူကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်သည်။ အရပ်သားအမြောက်အများလည်း စစ်ဘေးရှောင် ထွက်ပြေးနေရသည်။

ယင်းအခြေအနေတွင် BGFအရာရှိများနှင့် မြင့်မြတ်က အတူရှိနေသည့်အပေါ် ပြည်သူအချို့က ပြစ်တင်ရှုတ်ချသည် ။ “စစ်ကောင်စီလက်အောက်ခံ BGF နဲ့ အခုလို ပလူးနေတာ မြင်ရအဆင်မပြေဘူးဗျာ။ကရင်တိုင်းရင်းသားတွေ ပြေးလွှားနေရတာမှ အားမနာဗျာ”ဟု ကော့ကရိတ်မြို့ခံ တစ်ဦးကပြောသည်။

မြင့်မြတ်သည် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကဲ့သို့ နှုတ်ဆိတ်နေပြီး ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ ထို့အပြင် မြင့်မြတ်သည် စစ်ကောင်စီ အမာခံ ထောက်ခံသူ အဆိုတော်ယုန်လေးနှင့် ရင်းနှီးသော မိတ်ဆွေဖြစ်သလို ၊ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ၏သမီး ခင်သီရိသက်မွန် အဓိကပိုင်ဆိုင် 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်ဆိုထားသော အဓိက မင်းသားဖြစ်သည်။

မြင့်မြတ်ကဲ့သို့ပင် ယခုရက်ပိုင်းအတွင်း ဖေစ်ဘွခ်ပြန်လည်အသုံးပြူလာသောနာမည်ကျော်မင်းသမီး ဝတ်မှုန်ရွှေရည်မှာ ၊ မကြာသေးခင်ကမဂ်လာဆောင်သောနာမည်ကျော်မင်းသား နေတိုး တို့မှာလည်း မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်အဓိကပိုင်ဆိုင်ပြီး ခင်သီရိသက်မွန်ဒါရိုက်တာတာဝန်ယူထားသော 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်ထားကြသည်။ crd

Be the first to comment

Leave a comment

Your email address will not be published.


*