ခရစ်စမတ်ဝတ်စုံလေးတွေ ကိုယ်စီနဲ့ချစ်စရာကောင်းနေတဲ့ နန်းမြတ်ဖြိုးသင်းတို့ သားအမိရဲ့ ချစ်စရာပုံလေးများ
ခရစ်စမတ်ဝတ်စုံလေးတွေ ကိုယ်စီနဲ့ချစ်စရာကောင်းနေတဲ့ နန်းမြတ်ဖြိုးသင်းတို့ သားအမိရဲ့ ချစ်စရာပုံလေးများ
Unicode …Christmas ဝတ်စုံလေးတွေကိုယ်စီနဲ့ နန်းမြတ်ဖြိုးသင်းတို့ သားအမိရဲ့ ချစ်စရာပုံလေးများ
မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ချစ်ရတဲ့သားရယ် သမီးလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ် ။
နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း သီဆိုပြီး အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။
နန်းမြတ်က မိသားစုကိုလည်း အချိန်ပေးပြီးဂရုစိုက်တတ်တဲ့သူဖြစ်တာကြောင့် ခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေ နည်းသွားတာလည်းဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပေမယ့် ပရိသတ်တွေကတော့ နန်းမြတ်ကိုရော သူမရဲ့မိသားစုလေးကိုပါ အချစ်တွေပိုနေကြတာဖြစ်ပါတယ်။
အခုလည်း သားနဲ့ သမီးနဲ့အတူ Christmas အချိန်အခါလေးနဲ့ လိုက်ဖက်တဲ့ အပြင်အဆင်လေးတွေနဲ့ ဖန်တီးရိုက်ကူးထားတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။
ပုံတိုင်းမှာ နန်းမြတ်တို့ သားအမိသုံးယောက်လုံး အရမ်းချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။crd
Be the first to comment
Leave a comment
Your email address will not be published.
*