ရာသီဥတုေဖာက္ျပန္မွုေၾကာင့္ ဆာဟာရသဲကႏၲာရတြင္ ၄၂ ႏွစ္တာကာလအတြင္း အထူးျခားဆုံးအပူခ်ိန္ က်ဆင္းမွုျဖစ္ကာ ဆီးႏွင္းမ်ားျဖင့္ဖုံးလႊမ္းသြားခဲ့
အယ္လ္ဂ်ီးရီးယားနိုင္ငံ အေနာက္ေျမာက္ပိုင္း ဆာဟာရ သဲကႏၲာရ အတြင္းရွိ အာယင္ေဆဖရာ (Ain Sefra) ၿမိဳ့ အနီးတဝိုက္တြင္ ယမန္ေန႔မွစတင္၍ အပူခ်ိန္လြန္စြာ က်ဆင္းခဲ့သျဖင့္ ယင္းေဒသ တဝိုက္ သဲကႏၲာရ ထဲတြင္ ဆီးႏွင္းမ်ား က်ဆင္းဖုံးလႊမ္း သြားခဲ့သည္။
အဆိုပါ ေဒသတဝိုက္သည္ ၁၃၆ ဒသမ ၄ ဒီဂရီ ဖာရင္ ဟိုဒ္ (၅၈ ဒီဂရီ ဆဲလ္စီးယပ္စ္ ) အထိ အပူခ်ိန္ျမင့္မားခဲ့ ဖူးေသာ္လည္း ယမန္ေန႔ ဇန္နဝါရီ ၁၈ ရက္ညက ညဖက္ အပူခ်ိန္ ၂၈ ဒီဂရီ ဖာရင္ဟိုဒ္ ( -၂ ဒီဂရီဆဲလ္စီးယပ္စ္) သာရွိေတာ့ၿပီး ၄၂ ႏွစ္တာ ကာလအတြင္း အထူးျခားဆုံး အပူခ်ိန္က်ဆင္းမွု ျဖစ္သည္။
သဲကႏၲာရအတြင္း အပူခ်ိန္ က်ဆင္းမွု မ်ိဳးသည္ ၁၉၇၉ ၊ ၂၀၁၆၊ ၂၀၁၈ ႏွင့္ ၂၀၂၁ ခုႏွစ္မ်ားက ျဖစ္ပြားခဲ့ ဖူးေသာ္လည္း ယခုေလာက္ မက်ဆင္းဟု သိရသည္။ ဆာဟာရသဲကႏၲာရသည္ ယေန႔တြင္ လြန္စြာေျခာက္ေသြ႕ပူျပင္းေသာ ေဒသျဖစ္ေသာ္လည္း လြန္ခဲ့သည့္ ႏွစ္ေပါင္း တစ္ေသာင္ခြဲ ခန႔္က စိမ္းလန္းစိုျပည္ေသာ ေဒသျဖစ္ခဲ့နိုင္ေၾကာင္း သုေတသီတို့ ဆိုၾကသည္။
ယခုဆီးႏွင္းမ်ား က်ဆင္းရျခင္း၏ အေၾကာင္းရင္းကို ျပည့္စုံစြ ာမသိရွိၾကေသးေသာ္လည္း ရာသီဥတု ေဖာက္ျပန္ျခင္းျဖစ္ သည္မွာ ေသခ်ာေၾကာင္းဆိုၾကသည္။ဆီးႏွင္းမ်ား က်ဆင္းျခင္းေၾကာင့္ ေဒသခံျပည္သူမ်ားႏွင့္အတူ သူတို့၏ တိရိစၧာန္မ်ားသည္လည္း စိတ္လွုပ္ရွားမွုမ်ား ျဖစ္ၾကေၾကာင္း သိရသည္။ crd
Unicode … ရာသီဥတုဖောက်ပြန်မှုကြောင့် ဆာဟာရသဲကန္တာရတွင် ၄၂ နှစ်တာကာလအတွင်း အထူးခြားဆုံးအပူချိန် ကျဆင်းမှုဖြစ်ကာ ဆီးနှင်းများဖြင့်ဖုံးလွှမ်းသွားခဲ့
အယ်လ်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆာဟာရ သဲကန္တာရ အတွင်းရှိ အာယင်ဆေဖရာ (Ain Sefra) မြို့ အနီးတဝိုက်တွင် ယမန်နေ့မှစတင်၍ အပူချိန်လွန်စွာ ကျဆင်းခဲ့သဖြင့် ယင်းဒေသ တဝိုက် သဲကန္တာရ ထဲတွင် ဆီးနှင်းများ ကျဆင်းဖုံးလွှမ်း သွားခဲ့သည်။
အဆိုပါ ဒေသတဝိုက်သည် ၁၃၆ ဒသမ ၄ ဒီဂရီ ဖာရင် ဟိုဒ် (၅၈ ဒီဂရီ ဆဲလ်စီးယပ်စ် ) အထိ အပူချိန်မြင့်မားခဲ့ ဖူးသော်လည်း ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်ညက ညဖက် အပူချိန် ၂၈ ဒီဂရီ ဖာရင်ဟိုဒ် ( -၂ ဒီဂရီဆဲလ်စီးယပ်စ်) သာရှိတော့ပြီး ၄၂ နှစ်တာ ကာလအတွင်း အထူးခြားဆုံး အပူချိန်ကျဆင်းမှု ဖြစ်သည်။
သဲကန္တာရအတွင်း အပူချိန် ကျဆင်းမှု မျိုးသည် ၁၉၇၉ ၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၂၁ ခုနှစ်များက ဖြစ်ပွားခဲ့ ဖူးသော်လည်း ယခုလောက် မကျဆင်းဟု သိရသည်။ ဆာဟာရသဲကန္တာရသည် ယနေ့တွင် လွန်စွာခြောက်သွေ့ပူပြင်းသော ဒေသဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်ခွဲ ခန့်က စိမ်းလန်းစိုပြည်သော ဒေသဖြစ်ခဲ့နိုင်ကြောင်း သုတေသီတို့ ဆိုကြသည်။
ယခုဆီးနှင်းများ ကျဆင်းရခြင်း၏ အကြောင်းရင်းကို ပြည့်စုံစွ ာမသိရှိကြသေးသော်လည်း ရာသီဥတု ဖောက်ပြန်ခြင်းဖြစ် သည်မှာ သေချာကြောင်းဆိုကြသည်။ဆီးနှင်းများ ကျဆင်းခြင်းကြောင့် ဒေသခံပြည်သူများနှင့်အတူ သူတို့၏ တိရိစ္ဆာန်များသည်လည်း စိတ်လှုပ်ရှားမှုများ ဖြစ်ကြကြောင်း သိရသည်။ crd
Be the first to comment