Masterchef ဖိုင္နယ္မွာ Winner ဆုနဲ႔လြဲေခ်ာ္သြားရတဲ့ ျမန္မာ့ဂုဏ္ေဆာင္ စု

Masterchef ဖိုင္နယ္မွာ Winner ဆုနဲ႔လြဲေခ်ာ္သြားရတဲ့ ျမန္မာ့ဂုဏ္ေဆာင္ စု

Masterchef America Season 11 ရဲ့ ဖိုင္နယ္ၿပိဳင္ ပြဲမွာေတာ့ ျမန္မ ာ့ဂုဏ္ေဆာင္ စုဟာ အေရးနိမ့္ခဲ့ၿပီး ကယ္လ္ေဆးက Winner ျဖစ္ခဲ့ပါတယ္။

စုဟာ Winner ဆုကို ပိုင္ဆိုင္ ခြင့္ မရခဲ့ေပမယ့္ Masterchef ႐ုပ္သံ အစီအစဥ္နဲ႔ အေမရိကန္ ႐ုပ္သံ သမိုင္းမွာ ဖိုင္နယ္ အဆင့္ကို ေအာင္ျမင္စြာ တက္ေရာက္ နိုင္ခဲ့ၿပီး အေကာင္းဆုံး အစြမ္းျပ ယွဥ္ၿပိဳင္ သြားနိုင္ခဲ့တဲ့ ပထမဆုံး ျမန္မာအမ်ိဳ းသမီးအျဖစ္ မွတ္တမ္းဝင္ သြားခဲ့ပါတယ္။

စားဖိုမွူးႀကီး ရမ္ဆီ ကေနၿပီး ျမန္မာ မင္းသမီးေလးလို့ ခ်စ္စနိုး တင္စားေခၚဆိုခဲ့တဲ့ စု ဟာ ဖိုင္နယ္မွာ အေကာင္းဆုံး အစြမ္းျပခဲ့ကာ Winner ဆုနဲ႔ လက္တစ္ကမ္း အလိုေလာက္ အထိကို ေရာက္ရွိခဲ့ေသးေပမယ့္ အဆုံးသတ္မွာေတာ့ ကယ္လ္ေဆးက သူမနဲ႔ ေအာ္တြန္တို့ကို ေက်ာ္ျဖတ္ၿပီးWinner ဆုကို ရယူသြားခဲ့ တာပဲျဖစ္ပါတယ္။

Masterchef America Season 11 ရဲ့ဖိုင္နယ္ဟာ ၿပိဳင္ပြဲသမိုင္းေၾကာင္းတေလၽွာက္ ဖိုင္နယ္အဆင့္ဆီကို အမ်ိဳးသမီး စာဖိုမွူး သုံးေယာက္ တက္ေရာက္ခြင့္ရတဲ့ ပထမဆုံး ဖိုင္နယ္ပြဲအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့ပါတယ္။ ကိုးကား – FOX News

Unicode … Masterchef ဖိုင်နယ်မှာ Winner ဆုနဲ့လွဲချော်သွားရတဲ့ မြန်မာ့ဂုဏ်ဆောင် စု

Masterchef America Season 11 ရဲ့ ဖိုင်နယ်ပြိုင် ပွဲမှာတော့ မြန်မ ာ့ဂုဏ်ဆောင် စုဟာ အရေးနိမ့်ခဲ့ပြီး ကယ်လ်ဆေးက Winner ဖြစ်ခဲ့ပါတယ်။

စုဟာ Winner ဆုကို ပိုင်ဆိုင် ခွင့် မရခဲ့ပေမယ့် Masterchef ရုပ်သံ အစီအစဉ်နဲ့ အမေရိကန် ရုပ်သံ သမိုင်းမှာ ဖိုင်နယ် အဆင့်ကို အောင်မြင်စွာ တက်ရောက် နိုင်ခဲ့ပြီး အကောင်းဆုံး အစွမ်းပြ ယှဉ်ပြိုင် သွားနိုင်ခဲ့တဲ့ ပထမဆုံး မြန်မာအမျို းသမီးအဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။

စားဖိုမှူးကြီး ရမ်ဆီ ကနေပြီး မြန်မာ မင်းသမီးလေးလို့ ချစ်စနိုး တင်စားခေါ်ဆိုခဲ့တဲ့ စု ဟာ ဖိုင်နယ်မှာ အကောင်းဆုံး အစွမ်းပြခဲ့ကာ Winner ဆုနဲ့ လက်တစ်ကမ်း အလိုလောက် အထိကို ရောက်ရှိခဲ့သေးပေမယ့် အဆုံးသတ်မှာတော့ ကယ်လ်ဆေးက သူမနဲ့ အော်တွန်တို့ကို ကျော်ဖြတ်ပြီးWinner ဆုကို ရယူသွားခဲ့ တာပဲဖြစ်ပါတယ်။

Masterchef America Season 11 ရဲ့ဖိုင်နယ်ဟာ ပြိုင်ပွဲသမိုင်းကြောင်းတလျှောက် ဖိုင်နယ်အဆင့်ဆီကို အမျိုးသမီး စာဖိုမှူး သုံးယောက် တက်ရောက်ခွင့်ရတဲ့ ပထမဆုံး ဖိုင်နယ်ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ကိုးကား – FOX News

Add a Comment

Your email address will not be published. Required fields are marked *