Miss America သရဖူကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး ကိုရီးယား-အမေရိကန်သူလေး

Miss America သရဖူကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး ကိုရီးယား-အမေရိကန်သူလေး

၂၀၂၁ ခုနှစ်ရဲ့ Miss America ပြိုင်ပွဲမှာတော့ အလက်စကာပြည်နယ်ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက် (၂၀)နှစ်အရွယ် အမ်မာ ဘရွိုင်းလက်စ် ဟာ သရဖူကို ဆွတ်ခူးသွားခဲ့ပါတယ်။

ဒီပြိုင်ပွဲက Miss America ပြိုင်ပွဲရဲ့ အနှစ် (၁၀၀)ပြည့် ပြိုင်ပွဲဖြစ်ပြီး တကယ့်ကို အမှတ်တရ ဖြစ်ဖွယ် အောင်မြင်မှုပါပဲ။ ဒီထက်ပိုပြီး အမှတ်တရ ဖြစ်ဖွယ်တစ်ခုက ပြိုင်ပွဲရဲ့ သရဖူကို ကိုရီးယား-အမေရိကန်နွယ်ဖွားတစ်ယောက်က ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးသွားခဲ့တာပါ။

အမ်မာဟာ အရီဇိုးနားပြည်နယ် ဟော်နာကောလိပ်မှာ ဇီဝဆေး ပညာမေဂျာကို အဓိကယူထားသူတစ်ယောက်ဖြစ်ပြီး ဒီနှစ်မှာမှစတင် တက်ရောက်ခဲ့သူပါ။အမေရိကန်နိုင်ငံတွင်းက ပြည်နယ် ၅၀ကို ကိုယ်စားပြုပြီး သက်ဆိုင်ရာ အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒီပြိုင်ပွဲဟာ ပြိုင်ပွဲဝင်တွေအတွက် လွယ်ကူတဲ့ ပြိုင်ပွဲတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။

အမ်မာဟာ ပြိုင်ပွဲဒိုင်တွေရဲ့ အထင်ကြီးမှုကို ရရှိခဲ့ပြီး သူက ဆိုရှယ်မီဒီယာမှာ အာရုံစိုက်ခံရလိုမှုနဲ့ ပတ်သက်တဲ့ စိတ်အခြေအနေကို ဆွေးနွေးပြခဲ့သူပါ ။ သူ ကလေးဘဝတုန်းက ရရှိခဲ့တဲ့ စိတ်ရောဂါ ပြဿနာတွေ၊ အကြောင်းအရာ တစ်ခုခုကို ထပ်တလဲလဲ ခံစားနေတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အကြောင်းကို စင်မြင့်ပေါ်မှာ ပြောပြခဲ့ပြီး သူ့အနေနဲ့ ဘယ်လိုရုန်းကန်ခဲ့ရသလဲ ဆိုတာကို ပြိုင်ပွဲဒိုင်တွေ သိအောင် ပြောပြခဲ့ပါတယ်။

“ကိုဗစ်ကာလဟာ ကျွန်မအတွက် တကယ်ခက်ခဲတဲ့ အချိန်တွေပါ။ ကျွန်မရဲ့ မိတ်ဆွေတွေနဲ့အချိန်အကြာကြီး ခွဲပြီးနေရတယ်၊ ကျွန်မကိုယ် ကျွန်မ ပြိုလဲမသွားဖို့ ကြိုးစားပြီးတည်ဆောက်ခဲ့ရတယ်” လို့ အမ်မာ က ဆိုပါတယ်။

နောက်ဆုံးမှာတော့ အမ်မာ ဟာ အမေရိကန်ဒေါ်လာ တစ်သိန်းကို ကျောင်းထောက်ပံ့ကြေးငွေအဖြစ် ရရှိသွားခဲ့ပြီး Miss America ပြိုင်ပွဲသမိုင်းမှာ အမှတ်ရဖွယ် မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ခဲ့ပါတယ်။ ခရက်ဒစ်

Be the first to comment

Leave a comment

Your email address will not be published.


*