Squid Game ထဲကအတိုင်း ကလေးတွေကစားနေပြီး ရှုံးနိမ့်သူတွေကို ရိုက်နှက်နေလို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေရ

ဘယ်လ်ဂျီယံကျောင်းတစ်ခုမှာ Squid Game ထဲကအတိုင်း ကလေးတွေကစားနေပြီး ရှုံးနိမ့်သူတွေကို ရိုက်နှက်နေလို့ စိုးရိမ်ပူပန်မှုတွေမြင့်တက်နေ

Neflix က ထုတ်လွှင့်ပြသခဲ့တဲ့ Squid Game စီးရီးတွဲရဲ့ ရိုက်ခတ်မှုဟာ ကလေးသူငယ်တွေ ဆီကိုပါ ကူးစက်နေပြီ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံက စာသင်ကျောင်း တစ်ခုမှာ ကလေးတွေဟာ အဆိုပါ ဇာတ်လမ်းတွဲထဲက ကစားပုံတွေကို အတုခိုးကာ လိုက်လံ ကစားနေပြီး ရှုံးနိမ့်သူတွေကို ရိုက်ပုတ်တာတွေ ပြုလုပ်နေတယ်လို့ အစီရင်ခံစာတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲက တဆင့် Erquelinnes Beguinage Hainaut ကျောင်းသားတွေဟာ ပုံစံတူကူးပွားမှုတွေ ပြုလုပ်ခဲ့ကြ တယ်လို့ The Burssels Times က ဖော်ပြခဲ့ပါတယ်။ အမေရိကန်မှာတော့ ကလေးတွေကို မီးနီ ၊ မီးစိမ်းဂိမ်းတွေ မကစားဖို့ တားမြစ် ထားပြီး ဖြစ်ကာ ဘယ်လ်ဂျီယံမှာတော့ အဆိုပါဂိမ်းကို ၁ ၊ ၂ ၊ ၃ စန္ဒယားဂိမ်းဆိုပြီး လူသိများကြ ပါတယ်။

” ကျန်းမာရေးနဲ့ မညီညွှတ်သလို အန္တရယ်လည်း များပြားတဲ့ ဒီကစားနည်းတွေကို ရပ်တန့်ဖို့ သတိကြီးကြီးထားရပါလိမ့်မယ်” လို့ ကျောင်းကိုယ်စားလှယ်တွေက ဖေ့ဘွတ်ခ်မှာရေးသားပြောဆိုခဲ့ပါတယ်။ Squid Game ရဲ့ လွှမ်းမိုးမှုဟာ ကလေးတွေတင်မကဘဲ လူကြီးတွေအထိပါ ရောက်ရှိနေပြီး နိုင်ငံကြီးတွေမှာဆိုရင်တော့ Pop-up စတိုးတွေ ဖွင့်လှစ်ကာ ဇာတ်လမ်းတွဲထဲက ပုံစံအတိုင်း ဖန်တီးပြီး အပျော်အနေနဲ့ ဝင်ရောက်ကစားဖို့ပါ ဆွဲဆောင်နေကြတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံကျောင်းသားကလေးငယ်တွေကတော့ ရှုံးနိမ့်တဲ့ကစားသမားတွေ သေဆုံးတဲ့မြင်ကွင်းမျိုးကို ပြန်လည်ဖန်တီးကာ သရုပ်ပြကစားနေခဲ့ကြတာလို့လည်း သိရပါတယ်။

ကစားကွင်းထဲမှာ မီးနီ၊မီးစိမ်းကစားနည်းက ရေပန်းအစားဆုံးဖြစ်နေပြီးSquid Game ရဲ့ လှုံ့ဆော်မှုက ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ source ; The River News

Be the first to comment

Leave a comment

Your email address will not be published.


*