Squid Game Season 2 ရိုက်ကူးဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဒါရိုက်တာ ဟန်ဒေါင်ဟွတ်ခ် အသိပေး

Squid Game Season 2 ရိုက်ကူးဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဒါရိုက်တာ ဟန်ဒေါင်ဟွတ်ခ် အသိပေး

ဒါရိုက်တာ ဟန်ဒေါင်ဟွတ်ခ်က Squid Game Season 2 ကို ရိုက်ကူးဖို့ အတွက် ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်သလို သိပ်မကြာခင်မှာပဲ ရိုက်ကူးရေး စဖို့ ရှိနေပြီလို့ ထုတ်ဖော် အသိပေး လိုက်ပါတယ်။

Squid Game Season 1 ဇာတ်လမ်းတွဲကို ထုတ်လွှင့် ပြသပြီးကတည်းက ပရိသတ်တွေဟာ Season 2 ထွက်လာဖို့ကို မျှော်နေခဲ့ကြတာပါ။

Netflix ဘက် ကတော့ Squid Game Season 2 အ တွက် အခုမှပဲ ဆွေးနွေးမှုတွေ အစပြု တာဖြစ်လို့ ရိုက်ကူးရေး ကိစ္စ သတင်းအတည်ပြု နိုင်ဖို့က ခက်နေသေး တယ်လို့ ပြောကြား တားပါတယ်။

Season 1 ရဲ့ အောင်မြင်မှု အရှိန် အဝါက အရမ်းကြီးမား လွန်းနေ တဲ့အတွက် Season 2 ကို ရိုက်ကူးရာမှာ ပိုပြီး တာဝန်ကြီးဖို့ ရှိသလို ဇာတ်လမ်း ရွေးချယ်မှုကလည်း ပိုပြီး ကောင်းမွန်ဖို့ လိုအပ်သွားပြီဖြစ်ကြောင်း ဒါရိုက်တာ ဟန်ဒေါင်ဟွတ်ခ်က အသိပေးထားပါတယ်။

Season 2 ဟာ မင်းသား လီဂျွန်ဂျေးကပဲ အဓိက ဇာတ်ကောင် အဖြစ် ပါဝင်လာမှာဖြစ်ပြီး လီဂျွန်ဂျေး သရုပ်ဆောင်ရတဲ့ ဆောင်းဂျီဟွန်း ဇာတ်ကောင်ရဲ့ အခန်းကဏ္ဍဟာ ပိုပြီး ကြီးမားသွားဖို့ ရှိနေကြောင်းလည်း ဒါရိုက်တာ ဟန်ဒေါင်ဟွတ်ခ်က ပြောကြား ထားပါ တယ် ။ crd

Be the first to comment

Leave a comment

Your email address will not be published.


*