





Unicode … လတ်တလော ထိုင်းမှာနာမည်ကြီးနေတဲ့ Sexy ကျကျ သင်္ဘောသီးထောင်းရောင်းတဲ့ ဈေးသည်မိန်းကလေးငယ်လေးများ

ထိုင်းနိုင်ငံကလို့ ယူဆရတဲ့ လမ်းဘေးဈေးသည် မိန်းကလေး ၃ ဦးက ဆိုရှယ်မီဒီယာပေါ် လူပြောများနေခဲ့ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး စားစရာ Somtam သင်္ဘောသီးရောင်းတဲ့ ဈေးသည် မိန်းကလေး ၃ ဦးရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဈေးရောင်းတဲ့ စတိုင်လ်က လူတွေရဲ့ အာရုံ စူးစိုက်ခြင်း ခံနေရတာဖြစ်ပါတယ်။

ဈေးဝယ်သူ အမျိုးသားတစ်ဦးက ရိုက်တင်ထားတဲ့ ဗွီဒီယိုဖိုင် ဟာ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့ပြီး လူကြည့်ရှုမှု များခဲ့ကာ ဈေးသည် မိန်းကလေး ၃ ဦးဟာ Sexy ကျလွန်းတဲ့ ဝတ်စားဆင်ယင်မှု ၊ ရေကူးဝတ်စုံလို အဝတ်အစားတွေနဲ့ လူတွေရဲ့ အမြင်ကို ဖမ်းစားပြီး သူတို့ရဲ့ ဈေးကွက်ကို လူစိတ်ဝင်စားစေတာဖြစ်ပါတယ်။

အင်တာနက် လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ မှတ်ချက်တွေ ထဲမှာတော့ ဈေးသည် မိန်းကလေးတွေဟာ သူတို့တွေရဲ့ အစားအသောက်တွေထက်ကို လူတွေစိတ်ဝင်စားမှုရအောင်နဲ့ အပျော်သဘောနဲ့ သာ ရောင်းတြယ်လို့ ဆိုထားပါတယ်။ တချို့ကလည်း သူတို့တွေက တကယ့်ဈေးသည်အစစ်တွေမဟုတ်ပဲ အပျော်သဘောဟန်နဲ့ ဈေးသည်ဟန်ဆောင်ပြီး ရိုက်ကူးကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒီလို sexyကျကျ ဈေးသည်တွေဟာ မကြာခဏဆိုသလို ဆိုရှယ်မီဒီယာပေါ် ရေပန်းစားလေ့ ရှိပြီးတော့ စားကောင်းတဲ့ နိုင်ငံထဲက အစားအသောက်တွေရဲ့ အကြောင်း လူတွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိလာတာဖြစ်ပါတယ်။

crd ; ဘန်ကောက်လမ်းညွန်ကိုစိုင်း

Be the first to comment

Leave a comment

Your email address will not be published.


*