Unicode … အသက်အငယ်ဆုံး ကမ္ဘာ့မုတ်ဆိတ်မွှေး အထူဆုံးသော ကောင်မလေးအဖြစ် ကမ္ဘာ့စံချိန်မှတ်တမ်းကို ရရှိခဲ့သည့် ထူးခြားလှသော မိန်းမလှလေး
Harnaam Kaur ဆိုသည့် အသက် ၂၅ နှစ် အရွယ် ကောင်မလေးဟာ ထူးခြား ဆန်းကြယ်လှသည့် ရောဂါ တစ်မျိုးကြောင့် မုတ်ဆိတ်မွှေးများထူထပ်စွာ ပေါက်နေခဲ့ရာမှ ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းကို ရရှိသွားခဲ့ပါတယ်။
သူမဟာ ငယ်စဉ်က တည်းကပင် ထူးခြားသော အသား အရည်ဖြင့် ခန္ဓာကိုယ်ဝနေမှုကြောင့် အနှိမ်ခံ ဘဝနှင့် ဖြတ်သန်းခဲ့ရပါတယ် ။ ထို့နောက် အသက် ၁၁ နှစ် အရွယ်တွင် မုတ်ဆိတ်မွှေးများ ထွက်ပေါ်လာခဲ့ပြီး နောက် ဆရာဝန်နှင့် ပြသခဲ့ရာမှ ထူးဆန်းသော ရောဂါတစ်မျိုးကို တွေ့ရှိခဲ့ရ တာဖြစ်ပါတယ် ။
ေကောင်မလေး၏ အမွှေးများကိုရိတ်ပြီး ဖယ်ရှား၍မရဘဲ ဖယ်ရှားမည် ဆိုပါက အရေးပြားများဟာ အတော်လေး နာကျင်နေခဲ့ပြီး အမာရွတ်တွေလို ဖြစ်သွားတတ်တယ်ဟု သိရပါတယ်။ မုတ်ဆွေးမွှေးများကြောင့် လူတိုင်း၏အလှောင်ပြောင်ခံနေရပြီး စိတ်ဓာတ်ကျနေခဲ့ရာမှ ယခုအချိန်တွင်တော့ ဂင်းနစ်မှတ် တမ်းကို ထိန်းသိမ်းထားရမည့် ကောင်မလေးဖြစ် လာခဲ့ပါတယ်။ ခရက်ဒစ်
Be the first to comment